တန်ပြန်ထိုးစစ် စနေပါပြီ


အာဏာထိန်း ၆ လသက်တမ်းတိုးကာလအတွင်း တပ်မတော်က ခွာစစ်နယ်မြေ ၆ မြို့နယ်ကို ပြန်ယူနိုင်ခြေရှိတယ်လို့ စစ်ရေးအကဲခတ်သူတို့က ဆိုကြပါတယ်

ခွာစစ်နယ်မြေတွေနဲ့ ယာယီဆုံးရှုံးတပ်စခန်းတွေကို တပ်မတော်က အလောတကြီးသိမ်းကြုံး ပြန်ရယူမှာမျိုးတော့ မဟုတ်ပါဘူး

မဟာဗျူဟာကျတဲ့နယ်မြေတွေကို တဖြေးဖြေးတအိအိ ပြန်နင်းယူမဲ့သဘောမျိုးပါ

မြောက်ပိုင်းမဟာမိတ်တွေနဲ့ KIA က ရခိုင်မြေအပါအဝင် ရှမ်းနယ်ဒေသတစ်ချို့မှာ စစ်နယ်ကျွံ မြို့သိမ်းတိုက်ပွဲဆင်တာက အလုပ်မဖြစ်နိုင်ပါဘူး

ဒါမျိုးလုပ်တာက တပ်မတော်ရဲ့သဘောထားကြီးမှုကို စော်ကားမော်ကားလုပ်သလိုဖြစ်စေပါတယ်၊

တပ်မတော်ရဲ့မာနနဲ့ ဒေါသကို ဆွပေးရာရောက်စေတယ်

ရှမ်းမြေဒေသမှအပ ရှမ်းအရှေ့၊ ရှမ်းတောင်နဲ့ ရခိုင်နယ် စစ်ကိုင်းနယ်တွေမှာ ထိုးစစ်တိုက်စစ်အားသန်တဲ့တပ်မတော်က နိုင်ငံရေးနည်းလမ်းမပါပဲ စစ်ရေးသက်သက်နဲ့ တန်ပြန်တိုက်စစ်ဖော်နိုင်ပါတယ်

EAOs တွေနဲ့ NUG/ PDF တွေရဲ့ မြို့သိမ်းနယ်သိမ်းတိုက်ပွဲဆိုတာ ဒေသပျက်စီး မြို့ပျက်စီးတာပဲ အဖတ်တင်ပါတယ်

ဖေဖော်ဝါရီလပိုင်းတစ်ခုထဲမှာပင် တပ်မတော်က တန်ပြန်နယ်မြေရှင်းထိုးစစ်နဲ့ ခြေလှမ်းပြန်စခဲ့ပါတယ်

မိုးမိတ်
ဆီဆိုင်
ထီးချိုင့်
ကောလင်း
မင်းပြား

ဒီမြို့တွေကို တပ်မတော်ပြန်ယူလိုက်တာက EAOs နဲ့ PDF တွေက သူတို့ရပြီးသားနယ်မြေတွေမှာ မဆုတ်တမ်းခံစစ်နဲ့ ပြန်မကာကွယ်နိုင်ဘူးဆိုတဲ့ သတင်းစကားကို ပေးပါတယ်

ဆိုလိုတာက
တပ်မတော်က နိုင်ငံပိုင်နက်အားလုံးကို ပိုင်ဆိုင်ထားကြောင်းနဲ့ ရန်သူ့ဌာနချုပ်အားလုံးကို စစ်လက်နက်စွမ်းအား စစ်အင်အားသုံး တိုက်ခိုက်ချေမှုန်းနိုင်တယ်လို့ နိုင်ငံတကာကလက်ခံထားပါတယ်

ဖြစ်နိုင်ခြေက တပ်မတော်ကို အနိုင်အပြုတ်မတိုက်နိုင်ပဲ စစ်ကိုကြာယုံသာ ဆွဲဆန့်စေနိုင်မှာပါ

အချိန်ကာလတစ်ခုအတွင်း အခြေအနေတစ်ခုကြောင့်သာ တပ်မတော်က လက်နက်စွမ်းအားအကန့်အသတ် ခွာစစ်နဲ့ ယာယီနယ်မြေစွန့်ခွာရတာဖြစ်လို့ ၂၀၂၄မှ ၂၀၂၅ ဇွန်လအတွင်းမှာ တပ်မတော်က အောင်ပွဲကိုဟိတ်ဟန်နဲ့ ပြန်ယူနိုင်လိမ့်မယ်လို့ သုံးသပ်ရပါတယ်


အသန်း

Post a Comment

Previous Post Next Post