အင်အားကြီးနိုင်ငံများရဲ့ အားပြိုင်မှုကြားက မြန်မာနိုင်ငံရေး ♦♦♦♦♦♦♦♦♦♦♦♦♦


မြန်မာနိုင်ငံတည်ရှိတဲ့ အရှေ့တောင်အာရှဒေသဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ အားပြိုင်နေတဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ မဟာဗျူဟာအရ အချက်အချာကျတဲ့ ဒေသကြီးတစ်ခု ဖြစ်နေပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ တောင်-အာရှနဲ့ ချိတ်ဆက် ပေးသလို ပေါက်ဖော်ကြီးရဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အတွက် ကျောက်ဖြူရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်နေတဲ့ နိုင်ငံဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာလူဦးရေ အများဆုံး အင်အားကြီးနိုင်ငံ နှစ်ခုကြားမှာ ရှိနေသလို အမေရိကန် စီးပွားရေးကို ခြိမ်းခြောက်နေတဲ့ တရုတ် BRI စီမံကိန်းဖော်ဆောင်ရာ အဓိက လမ်းကြောင်းပေါ်မှာရှိနေပါတယ်။

ဒါကြောင့် တည်နေရာ ပထဝီအနေအထားအရ မဟာဗျူဟာမြောက် အရေးပါ နေတဲ့ မြန်မာနိုင်ငံကို လင်းယုန်ကြီးနဲ့ ပေါက်ဖော်ကြီးက ဘက်ပေါင်းစုံက ချုပ်ကိုင်နိုင်ဖို့ ကြိုးစားနေခြင်းဟာ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားရ ခြင်းရဲ့ သော့ချက်ဖြစ်ပါတယ်။

လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ များကလည်း ပေါက်ဖော်ကြီးနဲ့ လင်းယုန်ကြီးတို့ရဲ့ ရေချိန်အနိမ့်အမြင့်ပေါ်မှာ မူတည်ပြီး ပြင်းထန်လိုက်၊ ငြိမ်သက်လိုက်နဲ့ ဘယ်သောအခါမှ တည်ငြိမ်အေးချမ်းမှု မရှိခဲ့သလို အစိုးရအဆက်ဆက်က ကြိုးစားနေတဲ့ ငြိမ်းချမ်း‌ရေးဟာလည်း ဝေးကွာ နေဆဲဖြစ်ပါတယ်။

လတ်တလောမှာ ပြင်းထန်နေတဲ့ လက်နက်ကိုင် ပဋိပက္ခများမှာ NUG၊ KNU၊ KNPP၊ CNF၊ PDF တွေက လင်းယုန်အုပ်စု၊ MNDAA၊ UWSA၊ NDAA၊ SSAအဖွဲ့တွေက ပေါက်ဖော်အုပ်စု၊ KIAက နှစ်ဖက်ခွ၊ AAနဲ့ TNLAကို KIA က မွေးထုတ်ထားပေမယ့် UWSA တပည့်ဖြစ်နေပြီး ကွန်ဖရယ်ဒရိတ် အုပ်ချုပ်မှုပုံစံ အားကျနေတဲ့ နှစ်ဖက်ခွများ ဖြစ်ပါ တယ်။

လင်းယုန်အုပ်စု၊ ပေါက်ဖော်အုပ်စု သိသာစွာကွဲပြားပြီး နိုင်ငံ‌ရေးအရ ဘယ်လိုမှ ပေါင်း စည်းလို့မရပေမယ့် စစ်အာဏာရှင်ဖြုတ်ချရေး ဘုံရည်မှန်းချက်တူတယ်ဆိုပြီး နိုင်ငံအနှံ့ တိုက်ကွက်ဖော်ဆောင်လျက်ရှိပါတယ်။

နိုင်ငံရေးအစဉ်အလာမရှိတဲ့ နိုင်ငံရေးသမားများနဲ့ ဖွဲ့စည်းထားတဲ့ NUG၊ CRPH အဖွဲ့က EAOsတွေကို စုစည်းလွှမ်းမိုးချုပ်ကိုင်လိုပေမယ့် ပေါက်ဖော်ကြီးအုပ်စုကတော့ NUG ကို လူရာမသွင်းဘဲ NUG ရဲ့ တပည့် PDFလေးတွေကို အသုံးချခံအဖြစ်သာ အမြတ် ထုတ်နေပါတယ်။

၂၀၂၁ခုနှစ် နိုင်ငံရေး အပြောင်းအလဲကနေစတင်ပြီး ၁၀၂၇စစ်ဆင်ရေးကာလ အထိ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်သုံးသပ်ကြည့်လိုက်ရင် အမေရိကန်ရဲ့ အားပေးထောက်ခံမှုကြောင့် အင်အားကြီးထွားလာတြ့ NUG၊ PDFတွေနဲ့ PDFတွေရောက်ရှိလာလို့ အင်အားတိုးပွားလာတဲ့ EAOs တွေဟာ နိုင်ငံရေး အမြတ်ထုတ် ပြီး တိုက်ကွက်ဖော်ဆောင်လာလို့ မြန်မာ့တပ်မတော်က ကြံ့ကြံ့ခံတုန့်ပြန် တိုက်ခိုက်နေ ရပါတယ်။

အမှန်တကယ်တော့ ဒီနေ့ မြန်မာ့တပ်မတော်က ဆင်နွှဲနေတဲ့ သောင်းကျန်းသူ နှိမ်နင်းရေးစစ်ဆင်ရေးဟာ EAOsအဖွဲ့တွေကိုသာမက နောက်ကွယ်က လက်မဲကြီးတွေဖြစ်တဲ့
လင်းယုန်နဲ့ ပေါက်ဖော်တို့ရဲ့ Proxy Warကို တုန့်ပြန် တိုက်ခိုက်နေရတာမြင်အောင် ကြည့်ကြစေချင်ပါတယ်။

ဒါကြောင့် နိုင်ငံရေးသမားအမည်ခံ အကျဉ်းသား သစ္စာဖောက်ပြည်ပြေး NUG အဖွဲ့နဲ့ အသုံးချခံ PDFများ၊ တိုင်းရင်းသားအခွင့်အရေးကို လက်နက်ကိုင်လမ်းစဉ်နဲ့ ရယူ လိုတဲ့ EAOs များ၊ ကိုယ့်အကျိုးစီးပွားအတွက် အင်အားငယ်နိုင်ငံများအပေါ် အနိုင်ကျင့် နေကြတဲ့ အင်အားကြီးနိုင်ငံများရဲ့ ပါဝါအားပြိုင်မှုကြောင့် ဖြစ်ပွားနေရတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများမှာ တပ်မတော်အင်အားမရှိပါက တိုင်းပြည်အစိတ်စိတ်အမွှာ မွှာ ပြိုကွဲသွားမယ့် အန္တရာယ်ကျရောက်နေပြီဖြစ်ကြောင်း သတိပေးလိုပါတယ်။

#ခင်ညိုချော

Post a Comment

Previous Post Next Post