မြဝတီ - မဲဆောက် ဂိတ်တွင် ထိုင်းအာဏာပိုင်များ တင်းကြပ်စွာ စစ်ဆေးနေ


မြန်မာနိုင်ငံ၊ မြဝတီမြို့ကနေ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ဝင်ရောက်နိုင်တဲ့ ချစ်ကြည်ရေးတံတား အမှတ် ၁ ကနေတဆင့် ဝင်ရောက်မှုကို ထိုင်းအာဏာပိုင်များဘက်က ပိုမိုတင်းကြပ်ထားတယ်လို သိရပါတယ်။
ယခင်က မြဝတီကနေ မဲဆောက်ကိုသွားရင် မှတ်ပုံတင်နဲ့ စစ်ဆေးရေးဂိတ်မှာ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်လုပ်ပြီး ထိုင်းမှာ တစ်ပတ်နေထိုင်ခွင့် အလွယ်တကူ လုပ်လိုရပေမဲ့ အခုတော့ မဲဆောက်ဘက်ခြမ်း ကနေ အာမခံပေးနိုင်တဲ့သူရှိမှပဲ သွားလာခွင့်ရတော့မှာဖြစ်ကြောင်း သိရပါတယ်။
ထိုင်း - မြန်မာ နယ်စပ်တလျှောက်မှာ NUG အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်တဲ့ KNU, KNLA, PDF အကြမ်းဖက်အဖွဲများ ခြေရှုပ်နေပြီး ထိုင်းနိုင်ငံဘက်ကို လူမှောင်ခို ပိုဆောင်တာတွေကြောင့် ထိုင်းအာဏာပိုင်များဘက်က တင်းကြပ်လာခြင်းဖြစ်ပါတယ်။
အကြမ်းဖက်အဖွဲ့များက လူတစ်ဦးကို ငွေကျပ် ၂၃ သိန်းနဲ့ ထိုင်းနိုင်ငံဘက်တွင် အလုပ်ရမည်ဟုပြောကာ ပို့ဆောင်နေပြီး တရားမဝင်ပို့ဆောင်ခြင်းကြောင့် ထိုင်းနိုင်ငံဘက်တွင် ဖမ်းဆီးခံနေကြရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။

Post a Comment

Previous Post Next Post