နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြားချက်

အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းများကို ကြုံတွေ့ရပါက ထုတ်ပြန်ပေးထားသည့် ဖုန်းနံပါတ်များသို့ အချိန်မရွေး ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်ပြီးအာဏာတည်ကြောင်း ပြဋ္ဌာန်းလိုက်သည့်အချိန်တွင် Exile မီဒီယာများ၊ အဖွဲ့အစည်းအချို့သည် လူငယ်တိုင်း ယခုချက်ချင်း တပ်ထဲဝင်ရမည်၊ စစ်ဆင်ရေးတာဝန် ထမ်းဆောင်ရမည်ဆိုသကဲ့သို့ ခြောက်လှန်ခဲ့ကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့များ ဖွဲ့စည်း၍ ပြန်ကြားနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။


“..... လူငယ်တွေ ဘယ်နေရာ ပျောက်သွားတယ်တို့၊ ဘယ်နေရာမှာ ဖမ်းဆီးခံရတယ်တို့၊ ဘယ်နေရာမှာ အတင်းအဓမ္မစစ်သား စုဆောင်းနေပြီတို့၊ ဘယ်နေရာမှာ ပေါ်တာဆွဲပြီဆိုတဲ့ ကောလာဟလ ထုတ်လွှင့်ချက်များ ဆက်တိုက် ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ အခြေအမြစ်မရှိတဲ့ဟာတွေပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောကြားချင်တာက ဘယ်နေရာမှာ နာမည်ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တယ်။ ဘယ်နေရာမှာ နာမည်ဘယ်သူနဲ့ လူငယ်တွေပျောက်ဆုံးနေတယ်။ ဘယ်နေရာမှာ နာမည်ဘယ်သူနဲ့ လူငယ်အဖွဲ့တွေကို ပေါ်တာဆွဲသွားတယ်ဆိုတာကို သိရရင်၊ သတင်းတိကျတယ်ဆိုရင် ကျွန်တော်တို့ ပေးထားတဲ့ ဖုန်းနံပါတ်များရှိပါတယ်။ အချိန်မရွေးဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Post a Comment

Previous Post Next Post