*အားလုံးပဲသတိထားနိုင်အောင်လိုပါ****


တပ
်ပြေးတွေထဲက တော်တော်များများ တစ်ဖက်အဖွဲအစည်းတွေကိုရောက်နေတဲ့သူတွေရှိနေတာမို FB မှာရော တယ်လီမှာပါ ပုံစံအမျိုးမျိုးနဲ့သတင်းလိုက်နှိက်နေတာ၊ သတင်းတုတွေနဲ့ သွေးခွဲဝါဒမှိင်းတိုက် နေတာတွေများလာပါတယ်။
- တပ်မိသားစုဝင်တွေအနေနဲ့ သတိထားဆင်ခြင်နိုင်ကြဖိုနဲ့ သူတိုဘက်က အယုံသွင်းပြီး သတင်းဘယ်လို လာနှိက်နှိက်မပြောကြဖိုလိုပါတယ်။ နောက်တစ်ခုအရေးကြီးတာက မိမိတပ်ထဲက အရာရှိ/စစ်သည်/ မိသားစုဝင်တွေမှာ ဖရဲသီးတွေရှိနေတာတွေသိရရင် ချက်ချင်းသတင်းပိုကြပါ။
- ရခိုင်မှာ ဖရဲသီးရဲမေတစ်ယောက်က ကိုယ်တွေယူနီဖောင်းဝတ်လာတဲ့ သောင်းကျန်းသူကို စစ်ကူတွေပါ လို ပြောပြီး တံခါးဖွင့်ခေါ်သွင်းပြီး ကိုယ့်တွေရဲ့ စစ်သည်/ရဲမေတွေကို သေနတ်ထိုးချိန်ဖမ်းဆီးသွားတဲ့ ဖြစ်စဉ်ရှိခဲ့တာကြောင့် တပ်တွေမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ အရာရှိ/စစ်သည်/ရဲမေတွေ အနေနဲ့ မိမိတပ်ဝန်းထဲဝင်လာသည့် မည်သူကိုမဆို မသင်္ကာတဲ့မျက်စိနဲ့ကြည့်ပြီး သေချာစစ်‌ဆေးကြဖို လိုအပ်ပါတယ်။
- *လုံခြုံရေးအသိ/အမြင်ရှိကြဖို တိုက်တွန်းအပ်ပါတယ်။*

Post a Comment

Previous Post Next Post