(၇၇) နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ နေပြည်တော် မြိုတော်ခန်းမ ဥပစာရင်ပြင်တွင် တည့်ခင်းဧည့်ခံ

နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိင်  နှင့်ဇနီး ဒေါ်ကြူကြူလှတိုက (၇၇) နှစ်  မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယနေ့ ဖေဖော်ဝါရီ ၁၂ရက် ညမှာ  နေပြည်တော်  မြိုတော်ခန်းမ ဥပစာရင်ပြင်တွင်  တည့်ခင်းဧည့်ခံခဲ့ပါတယ်။ အဆိုပါညစာစားပွဲသို NCAလက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများတက်ရောက်ကြတာတွေ့ရပါတယ်။ အခမ်းအနားသို နစက ဒုတိယဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊နစက အဖွဲဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်အတူ NCAလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ  အစည်းများမှ ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့်ကိုယ်စားလှယ်များ၊တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲဝင်များ ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စီးပွားရေးရာနှင့် တိုင်းရင်းသား ရေးရာဝန်ကြီးများ၊  MSME. လုပ်ငန်းရှင်များတက်ရောက်ကြပြီး ဗိုလ်ချုပ်မှူးကြီးက ထိုပုဂ္ဂိုလ်များအားတစ်ဦးချင်းလိုက်လံနှုတ်ဆက်ခဲ့ပါတယ်။

Post a Comment

Previous Post Next Post