"နစက ဥက္ကဋ္ဌ ပါတီတွေနဲ့ တွေ့ဆုံချိန် ဘာတွေပြောခဲ့လဲ''




ပထမ အချက်က ပြည်သူ့ စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီး သတ်မှတ်အသက်အပိုင်းအခြားအတွင်းမှ အင်အားအနည်းငယ်သာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်လို ပြောတယ်။

ဒုတိယ တစ်ချက်က ဒီဥပဒေဟာ နိုင်ငံတော်ကာကွယ်ရေး၊ အထူးသဖြင့် ဒိုတာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် အတွက် ယခင်ကတည်းကပင် ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဖြစ်တယ်။ ဒီ ဥပဒေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်လိုမယ်လို ပြောတယ်။

နောက်ဆုံးအချက်ကတော့ စစ်မှုထမ်းဟောင်းများက စစ်မှု ပြန်လည်ထမ်းဆောင်ရန် တောင်းဆို တာကြောင့် အရန်တပ်ဖွဲဥပဒေ ကိုလည်း ထုတ်ပြန်ပေးခဲ့တယ်လို ပြောတယ်။ ဒီအနေအထားမျာလည်း စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ် ယူမှာမဟုတ်ဘဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ်ယူတာဝန်ပေးအပ်သွားမယ်လို ပြောတယ်။


ဖိုးစီ

[Zawgyi]





ဖိုးစီ

Post a Comment

Previous Post Next Post