ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ

စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို စစ်မှုထမ်းရန်ဆင့်ခေါ်နိုင်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့(ယနေ့)တွင် စတင်အာဏာတည်ကြောင်း  သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ယနေ့ရက်စွဲဖြင့် နစကကထုတ်ပြန်ခဲ့ပါတယ်။ ဒီဥပဒေဟာ အခုမှအသစ်ပြဌာန်းလိုက်တဲ့ ဥပဒေတော့မဟုတ်ပါဘူး...မြန်မာနိုင်ငံမှာ ၁၉၅၉ ခုနှစ်ကတည်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာရှိပါတယ်။ အဲဒီနောက် နယက လက်ထက်မှာ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလထဲမှာ ဥပဒေအမှတ်၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေပုဒ်မပုဒ်မခွဲ(ခ)အရ ယခုကဲ့သို့စတင်အာဏာတည်ကြောင်း သတ်မှတ်ခြင်းဖြစ်ပါတယ်။ ဒီဥပဒေကို စတင်အာဏာတည်ကြောင်း  သတ်မှတ်လိုက်တာ တကယ်တမ်း တိုင်းပြည်အတွက် စဉ်းစားရင် အလွန်မှ ဖြစ်သင့်သောကိစ္စပါ။ လူငယ်လူရွယ်တွေ တပ်မတော်ထဲကိုယ်တိုင်ဝင်ရောက်တာဝန်ထမ်းဆောင်တဲ့အခါ တပ်မတော်သားတစ်ယောက်အနေနဲ့ နိုင်ငံကိုချစ်စိတ်၊ နိုင်ငံနဲ့ပြည်သူကိုကာကွယ်ရမယ်ဆိုတဲ့ အသိစိတ်တွေတိုးလာကြမှာဖြစ်လို့ အင်မတန်မှကောင်းမွန်ပါတယ်....
#DGF21news

Post a Comment

Previous Post Next Post