နိုင်ကဒ်မှမိမိအသက်ကို ပြုပြင်ပါကထောင်ဒဏ်ကျခံရမည်

နိုင်ငံသားစိစစ်ရေးကဒ်ပါအသက်ကို မရိုးမဖြောင့်ဘဲပြုပြင်ရန်ကြံစည်နေသူများသိစေရန်
🚨🚨🚨🚨🚨🚨🚨🚨🚨🚨

ပြည်သူ့စစ်မှုထမ်းဥပဒေကို
ရှောင်ရှားရန်ရည်ရွယ်ချက်ဖြင့်

နိုင်ငံသားစိစစ်ရေးကဒ်တွင်ပါရှိသည့်မွေးနေ့ခုနှစ်သက္ကရာဇ်ကို မိမိဘာသာပြင်ဆင်ခြင်း

လဝက နှင့် အဂတိလိုက်စားပြင်ဆင်ခြင်းများအား 

တပ်မတော်ဆေးစစ်ဆေးရေးအဖွဲ့က အရိုးဓတ်မှန်ရိုက်ကူးစစ်ဆေးခြင်းဖြင့်အသက်ကိုအတိကျဖော်ထုတ်စိစစ်သွားမည်ဖြစ်ပါသည်။
ထို့အပြင် မြန်မာနိုင်ငံသားများ၏အမည်စာရင်း၊အသက်၊မွေးနေ့သက္ကရာဇ်၊နေရပ်လိပ်စာများ၊အိမ်ထောင်စုစာရင်းများ၊မွေးစာရင်းများ၊သေဆုံးစာရင်းများအား တပ်မတော်နည်းပညာနှင့် ကွန်ပျူတာဌာနတွင် အားလုံးမှတ်တမ်းတင်ထားရှိပြီးဖြစ်ပါသည်။

မွေးနေ့သက္ကရာဇ်ကို မရိုးမဖြောင့်သောသဘောဖြင့် ပြုပြင်ပါက ထောင်ဒဏ် ၃ နှစ်ကျခံရမည့်အပြင် ထောင်မှလွတ်ပါကလည်း ပြည်သူ့စစ်မှုထမ်းရန် ၂ နှစ်ကို ထမ်းဆောင်ရမည်ဖြစ်ပါသည်။
🚨🚨🚨🚨🚨🚨🚨🚨🚨🚨
📢📢📢📢📢📢📢📢📢📢

Post a Comment

Previous Post Next Post