ကျွန်တော်လူမိုက်



"စစ်ဖိနပ်" က ညစ်ပတ်နေပေမယ့်

အထွဋ်အမြတ်နေရာတွေကိုတော့

မတက်တတ်ပါဘူး ...

ကျနော်တို့က ရှက်တတ်ပါတယ်....။

-

ကျနော်တို့ဘဝက မလွတ်လပ်ပါဘူး

အသက်ထပ်ပြီး အလုပ်လုပ်

တိုင်းပြည်ရဲ့ အမှိုက်စုတ်တွေကိုတိုက်ထုတ်

မိုက်လို့တော့မဟုတ်ပါဘူး ...

ဒါပေမယ့် ပျော်ပါတယ်....။

-

နေရာတကာဝင်ပါတယ်လို့တော့

မမြင်ပါနဲ့ဗျာ ...

ကျနော်တို့က

ပြည်သူကမွေး

ပြည်သူ့သွေးတွေပါ....

ပြည်သူ့အရေးမှာ မမြင်သာလို့ ဝင်ပါမိတာ

ခွင့်လွှတ်ပေးပါ...

ပြည်သူ့ဒုက္ခ ကျနော်တို့ ဒုက္ခပါပဲ...

မလုပ်ကြပါနဲ့လို့ပြောလည်း

လုပ်ရမှာပဲ..

ဒါက သမိုင်းပေးတာဝန်မို့ပါ.....

-

တစ်ခုတော့ပြောပါရစေ

ဘာသာ သာသနာကိုထိရင်တော့

မချိအောင် ကျနော်တို့နာတတ်ပါတယ်...

လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုကို

အပြစ်မပြောပေမယ့်

စကောလောက်မှ ဇောက်မနက်

ကိုယ့်ပြည် ကိုယ့်မြေ မှာနေပြီး

ကိုယ့် ဘာသာ ကိုယ့်သာသနာ

ကိုယ့်လူမျိုးကို ထိပါးလာရင်တော့

အဲ့ဒီအကောင်တွေ အသိတရားရသွားအောင်

ငပိစားပြီးတိုက်ရတိုက်ရ

ကျွန်တော်တို့ လူမိုက်ကြီးလုပ်

မိုက်ပရစေတော့ဗျာ.....


Post a Comment

Previous Post Next Post