❝ရှမ်းမြောက်မှာ 𝙏𝙉𝙇𝘼 ၊ 𝙆𝙄𝘼 ၊ 𝙎𝙎𝙋𝙋 အစရှိတဲ့ သူပုန်အဖွဲ့တွေက အခွန် ၁ နှစ်စာဆက်ကြေးအပြင် အခြားဆက်ကြေးတွေကိုပါ ထပ်ကောက်နေဟုဆို❞


  𝙈𝙃𝙏 𝙉𝙀𝙒𝙎 

ရှမ်းပြည် မြောက်ပိုင်းက 𝙏𝙉𝙇𝘼 ၊ 𝙆𝙄𝘼 ၊ 𝙎𝙎𝙋𝙋 အစရှိတဲ့ သူပုန်အဖွဲ့တွေဟာ လားရှိုး-နမ္မတူ- နမ့်ခမ်း- မူဆယ် လမ်းကြောင်းတစ်လျှောက်မှာ စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး ပြည်သူတွေနဲ့ ကားသမားတွေဆီကနေ ဆက်ကြေး ၁ နှစ်စာကောက်နေတဲ့အပြင် အခြားဆက်ကြေးတွေကိုပါ ထပ်ကောက်နေတာကြောင့် အခက်တွေ့နေကြတယ်လို့ ကားသမားတွေက ပြောပါတယ်။


❝𝙆𝙄𝘼 က နမ္မတူမြို့နယ်၊ မိုင်းတတ်ရွာအနီးမှာ စစ်ဆေးရေးဂိတ်ဖွင့်ပြီး တောင်းနေတာ။ တစ်နှစ်စာ ဘီးခွန်ကို ၁ သိန်း ပေးရတယ်။ ကုန်တင်တဲ့ ခရီးသည်တင် ကားတွေကိုတော့ ၄ သောင်းတောင်တယ်။ အိမ်စီးကားတွေက ၂ သောင်း ပေးရတယ်။ ဒီကြားထဲ ဘာကြေး ညာကြေးဆိုပြီး တောင်းတာတွေကလည်း အများကြီးရှိသေးတယ်။❞ လို့ ကားသမားတစ်ဦးက ပြောပြခဲ့တာပါ။


အလားတူ 𝙎𝙎𝙋𝙋 ကလည်းပဲ လားရှိုး-နမ့်ဆန်ဘက်သွားတဲ့ နောင်မွန် မန်ဆန်ရေကျလမ်း ပန်လုံရွာအထိ ဂိတ် ၃ ခုဖွင့်ပြီး စောင့်တောင်းနေတာဟာ ကားတစ်စီးကို အနှိမ့်ဆုံး ၃ သောင်းကနေ သိန်းဂဏန်းအထိ ကန့်သတ်ချက်မရှိ ဂိတ်တိုင်းက တောင်းခံနေသလို 𝙏𝙉𝙇𝘼 ကလည်းပဲ နမ့်ဆန်မြို့အထွက်နဲ့ မန်တုံမြို့နယ်ထဲမှာ ဂိတ်တွေဖွင့်ပြီး ဆက်ကြေးတောင်းခံနေတာကြောင့် နှစ်စဥ်ဆက်ကြေးအပြင် ကုန်တင်ခဆိုပြီး တစ်ကြိမ်စာကို ၂ သိန်း ပေးနေရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ» ပုံဟောင်း
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post