ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆို ထောက်ခံပွဲများ ပြုလုပ်

ဖေဖော်ဝါရီ ၁၈
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲများကို ယနေ့တွင် ကချင်ပြည်နယ်၊ တနိုင်းမြို့၊ မြို့ဦးကျောင်းရှေ့နှင့် ဗန်းမော်မြို့၊ ပြည်သူ့အားကစား ကွင်း၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကျောက်ဖျာခရုရုပ်ထု၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ကမ်းနားလမ်း၊ ခေတ္တရာညဈေးကွင်းပြင်၌ လည်းကောင်း အသီးသီး ပြုလုပ်ကြသည်။

Post a Comment

Previous Post Next Post