နိုင်ငံတော်၏ လုံခြုံရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ ရဲ့ ကာလုံ အစည်းအဝေး ပြောကြားချက်များမှ ကောက်နုတ်ချက်


👉 နိုင်ငံတော်၏ လုံခြုံရေးအခြေအနေနှင့်ပတ်သက်၍ EAO အဖွဲ့အချို့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ပျက်ပြား စေရန်နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိ။

👉 MNDAA နဲ့  TNLA တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ၂၀၀၈ ခြေဥပဒေတွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော်လည်း စစ်ဘုရင်ဝါဒနှင့် ထိုထက်ပိုမိုသည့် အာဏာလိုချင်သဖြင့် တိုက်ခိုက်ခြင်းဖြစ်။

👉 ၎င်းတို့အနေဖြင့်  တစ်ဖက်နိုင်ငံက အထင်အမြင်လွဲမှားစေရန် လက်နက်ကြီးများဖြင့် တရုတ်နိုင်ငံထဲသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းကြောင့် နှစ်ဖက်တာဝန်ရှိသူများကဖြေရှင်းခဲ့ရ။

👉 မိုခါပြီးနောက် အစိုးရအကူအညီဖြင့် ပြန်လည်နာလန်ထူလာသည့် ရခိုင်ဒေသသည် မိုခါအပြီး (၇)လအကြာတွင် AA အနေနဲ့ ၂၀၂၀ ပြည့်နှစ်က ယာယီတိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို စတင်ချိုးဖောက်ပြီး ၁၀၂၇ စစ်ဆင်ရေးနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်တပ်စခန်းများကိုတိုက်ခိုက်ပြီး တိုက်ပွဲစတင်ခဲ့၊ တိုက်ပွဲများဆက်လက်ဖော်ဆောင်နေဆဲဖြစ်။

👉 NCA လက်မှတ်ရေးထိုးထားတဲ့ CNF အဖွဲ့ဟာ CDF အမည်ခံအကြမ်းဖက်အဖွဲ့များနှင့်ပေါင်းပြီး ချင်းလုပ်ရပ်များ လုပ်ဆောင်နေတာကိုတွေ့ရပြီး KNPP/KNDF သောင်းကျန်းသူအဖွဲ့ အနေနဲ့လည်း လွိုင်ကော်မြို့အပါအဝင် ကယားပြည်နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေ။ KNU သောင်းကျန်းသူအဖွဲ့ အနေနဲ့ ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်အပေါ် အကြောင်းပြုပြီး PDF များကို အကြမ်းဖက် ထောက်ပံ့အားပေးမှုများ ပြုလုပ်နေတာကို တွေ့ရ၊ သစ္စာမဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိနေခြင်းသည် တိုင်းပြည်အတွက် အန္တရာယ်ကြီးမား။

👉 လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲများနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ မိမိတို့ရဲ့ စစ်ဆင်ရေးတွေကို ကာကွယ်ခုခံပိုင်ခွင့်အတွက် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း (Rules of Engagement for Self-Defence) နဲ့ အကြမ်းဖက်သောင်းကျန်းမှုနှိမ်နင်းရေး ဆိုင်ရာ တည်ငြိမ်မှုစစ်ဆင်ရေးအတွက် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement for Counter-Terrorism and Counter-Insurgency Operations to restore normalcy) နဲ့ အညီဆောင်ရွက်ခဲ့။

Post a Comment

Previous Post Next Post