တန်းတူရှိတဲ့ သံတမန်ရေး ဆက်ဆံမှု


==========================
နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုတာအစိုးရအချင်းချင်းသာ လုပ်ရတဲ့ကိစ္စရပ်ဖြစ်ပါတယ်။

အကြမ်းဖက်သူပုန်တွေနဲ့ ဆက်ဆံပြောဆိုလုပ်ကိုင်မှုများဟာအကြမ်းဖက်အားပေး၊ လက်ဝေခံ တပည့်မွေးနေခြင်းသာဖြစ်ပါတယ်။

ယူနန်အစိုးရက တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဖွင့်ဖို့သူပုန်နဲ့ သဘောတူညီချက်ရထားလို့ အစိုးရက အမြန်လုပ်ဖို့ လာပြောတာ အစိုးရအချင်းချင်း တန်းတူဆက်ဆံရေးမဟုတ်ပါဘူး။

တန်းတူရှိတဲ့ သံတမန်ဆက်ဆံရေးဆိုတာ တစ်နိုင်ငံရဲ့ အချုပ်အခြာကို လေးစားလိုက်နာရမှာဖြစ်ပါတယ်။

ကိုယ့်လက်အောက်ခံပြည်နယ်လို သဘောထားတဲ့ အင်အားကြီးနိုင်ငံကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအနေနဲ့ ဩဇာခံနိုင်ငံမဟုတ်ကြောင်း သံတမန်နည်းလမ်းနဲ့ပြန်လည် တုံ့ပြန်သွားသင့်ပါတယ်။

#ခင် ညိုချော

Post a Comment

Previous Post Next Post