ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့် Internatioanl School တွင် မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်း ဘာသာရပ်များကို မဖြစ်မနေသင်ကြားရမည်ဟု ပညာရေးဝန်ကြီးပြော


ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် International School များတွင် ပုဂ္ဂလိကပညာရေး ဥပဒေနှင့်အညီ မြန်မာစာ၊ ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေ သင်ကြားကြရမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဒေါက်တာညွန့်ဖေက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထို့ပြင် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် International School များတွင် နေ့စဉ် နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းများ ပြုလုပ်ကြရမည့် အကြောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်‌ရေးဆိုင်ရာများ၊ ပုဂ္ဂလိက ကျောင်း မှတ်ပုံတင်ရေးနှင့် ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ် သင်တန်း ဖွင့်လှစ်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းများဆိုင်ရာ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် နွေရာသီတွင် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်း၌ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေး ပြောကြား ခဲ့သည်။
#myanmarfocusonlineplatform

Post a Comment

Previous Post Next Post