ပုလဲနယ်က ပြည်သူတွေ ထွက်ပြေးနေရတာ စစ်ကြောင်းထိုးလို့မဟုတ်ဘဲ PDF သတ်မှာကြောက်လို့ ပြေးနေရတာဟုဆို


စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံ ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရတာဟာ စစ်ကြောင်းထိုးလာလို့မဟုတ်ဘဲ PDF တွေသတ်မှာကြောက်လို့ ပြေးနေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နွယ်ရှောက်ကျေးရွာသားတစ်ဦးက MHT ကိုပြောပါတယ်။

❝အပေါ်ယံကြည့်ရင်တော့ စစ်ကြောင်းလာလို့ပြေးရတာဟုတ်ပါတယ်။ ဒါပေမယ့် သူတို့ (PDF) က စစ်ကြောင်းလာတယ် ပြေး ဆိုလို့မှ မပြေးရင် အလိုလိုနေရင်း ဒလန်ဖြစ်ပြီး စစ်ကြောင်းပြန်တာနဲ့ အသတ်ခံရတာ။ မြကုန်းရွာမှာဆိုရင် အဲ့လိုမပြေးလို့ အသတ်ခံရတဲ့လူ ၃ ဦးရှိတယ်။ သတ်တာကလည်း သေနတ်နဲ့ပစ်သတ်လိုက်တာမျိုးမဟုတ်ဘူး။ အရှင်လတ်လတ် လည်ပင်းကြိုးကွင်းစွပ်၊ ဆိုင်ကယ်မှာချီပြီး ရွာအနှံ့ပတ်မောင်းပြတာ။ မသေမချင်းမောင်းတာ။ အဲလိုလုပ်ပြထားတော့ ရွာသားတွေက မနေရဲတော့ဘူးလေ။ ပြေးရတာပေါ့။❞ လို့ အဲဒီဒေသခံက ပြောပြခဲ့တာပါ။

(ဒေသခံရဲ့ အသံဖိုင်ရှိပေမယ့် ကာယကံရှင်က အသုံးပြုဖို့ ခွင့်မပြုတာကြောင့် တင်ပြနိုင်ခြင်းမရှိပေ။)

အခုလက်ရှိမှာဆိုရင် ပုလဲမြို့နယ်ထဲက မြကုန်း၊ စေတီယျုံ၊  နွယ်ရှောက်၊ ကုက္ကိုကုန်း၊ လက်ပုကန်၊ စေတီယျုံ၊ ကြောင်သန်းစတဲ့ ကျေးရွာနေပြည်သူ ၄,၀၀၀ ကျော်ဟာ စစ်ကြောင်းထိုးလာတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကတည်း ထွက်ပြေးနေကြရတာလို့လည်း အဲဒီဒေသခံရဲ့ ပြောပြမှုအရ သိရပါတယ်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post