PDF တွေ အိမ်ပြန်ချိန်တန်ပြီ


မုန်းလို့ပဲတိုက်တိုက်၊မကြိုက်လို့ပဲတိုက်တိုက် အဖြေဟာ၂ခုမရှိပါဘူး။
ဗမာအချင်းချင်းသတ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ပထွေးတော်နေတာတွေ ရပ်ဖို့အချိန်တန်ပါပြီ။

နောင်အနာဂတ် သားစဥ်မြေးဆက်ဆိုတဲ့ ကြီးကြီးကျယ်ကျယ်စကားကို နောက်ထား၊အခု လက်ရှိဘာအကျိုးအမြတ်ရှိလို့လဲ။ကိုယ့်ရပ်ရွာဒေသပဲပျက်ဆီး သွားတာပဲမဟုတ်လား။မင်းတို့ ပထွေးတော်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက နိုင်နိုင်မနိုင်နိုင် အချိန်တန်ရင် သူတို့နေရာပြန်သွားမှာ... သူတို့ဒေသမပျက်စီးဘူးလေ..

မင်းတို့အခက်အခဲတွေ ရင်ထဲကစကားတွေကို ငါတို့အကုန်ကြားပါတယ်.
မင်းတို့ယူသွားပြီး အသုံးပြုနေတဲ့ ကောလင်းမြို့ထဲက မြန်မာ့မီးရထားပိုင် စကားပြောစက်တွေကနေ မင်းတို့ပြောနေတာတွေ အကုန်ကြားပါတယ်..

အိမ်ပြန်လို့ရတဲ့အခွင့်အရေး မင်းတို့မှာအပြည့်အဝရှိပါတယ်...ရောက်တဲ့နေရာကနေ သေနတ်ပစ်ချပြီး မိဘတွေဆီကိုပြန်ကြပါ..

မပြန်ဘူးလို့ ဆုံးဖြတ်ထားရင် မိဘတွေဆီဖုန်းဆက်ကန်တော့ပြီး တိုက်ပွဲဆက်ဝင်ကြပါညီအကိုတို့...ဆက်တိုက်ရင် မင်းတို့ဘဝ နောက်ဆုံးအချိန်ဆိုတာ သိထားပါ..

ကျွန်းလှမီးအိမ်ရှင်

Post a Comment

Previous Post Next Post