နယ်စပ်ကုန်သွယ်ရေးတွေ ပြန်ဖွင့်ဖို့ အစိုးရအပေါ် ဖိအားပေး

✅ကိုးကန့် MNDAA ရဲ့ ဗမာတန်း ဖျက်စီးမှုဟာ အနာဂတ်မြို့သစ် စီမံကိန်းရဲ့ အစိတ်အပိုင်း တစ်ခုပါ။ နတလက ဆောက်တဲ့ ဆေးရုံတွေဟာ ပြည်မက အညာကျေးရွာတွေ အတွက် နတ်ပြည်မက ခမ်းနားကောင်း ခမ်းနားနိုင်ပေယ့် "ဝ" ၊ မိုင်းလားတို့နဲ့ ယှဉ်ရင် ဘာမှမဟုတ်ပြန်တော့ပါဘူး။

✅ နယ်စပ်ဒေသဖြစ်လို့ ကျားဖြန့်ပြီးသွားခဲ့ရင်တောင် အသွင်တမျိုးနဲ့ တရားမဝင် လုပ်ငန်းတွေ ပေါ်ပေါက်လာဦးမှာပါပဲ။ လောက်ကိုင်မှာ ခွင့်ပြုချက်ထက်ပိုတဲ့ ဟိုတယ်အလုံးပေါင်း ရာနဲ့ချီတဲ့ လုပ်ငန်းစုတွေရှိ‌ နေတာကို ဗဟို အစိုးရက မသိနေတာကလည်း ဖက်ဒရယ်ရဲ့ အားနည်းချက်ဖြစ်ပါတယ်။

✅ကူမင်းဆွေးနွေးပွဲတွေမှာ ဘာတွေ ဆွေးနွေးခဲ့သလဲ ဆိုတာ မသိနိုင်တာကလည်း ပြည်သူကို ဒွဟဖြစ်စေသလို ကောလာဟလ လည်း ပိုပြီးပြန့်နှံ့စေ‌သလိုပါပဲ။ ခက်တာက MNDAA ကိုယ်တိုင် ကူမင်းဆွေးဆွေးမှုက တဖက် ၊  မြို့သစ်တည်တဲ့ စည်ပင်လုပ်ငန်းတွေ ကလည်း တဖက်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်လုပ်ပြနေတာ မြင်တွေ့နေရတာက ပိုပြီး အတွေးများစေရပါတယ်။

✅ကိုယ်တွေ ဆိုလိုချင်တာက လောက်ကိုင်ပြဿနာဟာ ပြည်မ မှာ ဘယ်အစိုးရ တက်လာတက်လာ နောင်မှ ပြဿနာတက်နိုင်တဲ့ စီးပွားရေးအရ အခြေတည်ကစားတဲ့ ပထဝီနယ်မြေ ဖြစ်နေလို့လည်း ဖြစ်ပါတယ်။ လောက်ကိုင်နဲ့ ကုန်ကြမ်းဒေသဟာ ဖွဲ့စည်းပုံအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပေးထားပြီးသား ဖြစ်‌ ပေမယ့် ကျန်နယ်မြေတွေပါ ရယူပြီး "ဝ" လို ပြည်ထောင်စုထဲ ပါသလိုလို မပါသလိုလို လုပ်ရင်တော့ ရေရှည် အခက်တွေ့ဦးမှာပါ။



✅တလက်စတည်း မနေ့က တက်လာတဲ့ သတင်းတွေမှာဆိုရင်လည်း နမ္မတူမြို့ပေါ်မှာ TNLA က အုပ်ချုပ်ရေး ယန္တရား လည်ပတ်ဖို့ ကွင်းဆင်းစစ်ဆေးနေတဲ့ သတင်းတွေ မြင်နေရတာဟာ မြင်မကောင်းရှု့မကောင်းပါပဲ။ မြို့ရွာတစ်ခုကို လက်နက် အကြောင်းပြပြီး သိမ်းပိုက်လိုက်တာနဲ့ ငါတို့အပိုင်ဆိုတဲ့ ယဉ်ကျေးမှုမျိုးကို ခွင့်မပြုသင့်ပါဘူး။ ဒီလိုဆိုရင် အခြားတိုင်းရင်းသားတွေကလည်း နိုင်ငံရေးဆွေးနွေးပွဲတွေကို လစ်လျူရှုပြီး လက်နက်ကိုင် လမ်းစဉ်ကိုပဲ ဦးတည်ကုန်ကြပါ့လိမ့်မယ်။

✅ဒီလို မြင်ကွင်းမျိုးတွေ ကြာရှည်မြင်တွေ့ရဖန်များလာရင် ပြည်သူအနေနဲ့ အထင်မြင်လွဲမှားမှု ရှိလာနိုင်ပါတယ်။ တကယ်တော့ ဖွဲ့စည်းပုံမှာ ပြည်နယ်နယ်နမိတ် ပြောင်းလဲပြင်ဆင်ဖို့အတွက် သတ်မှတ်ထားတဲ့ လုပ်ထုံး လုပ်နည်း ရှိပါတယ်။ နယ်နမိတ် ပြင်ဆင်တာ မဆိုထားနဲ့ မြို့ရွာ နာမည်ပြောင်းတာကိုတောင်မှ ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတဲ့ နည်းလမ်း ဥပဒေတွေရှိပါတယ်။ ပြည်နယ်အဆင့်တိုးပေးဖို့ရာအတွက်လည်း အစိုးရမှာရော၊ တပ်မတော်မှာပါ အခွင့်အာဏာ မရှိနေပါဘူး။


✅KIA လည်း အလားတူပါပဲ။ MNDAA နဲ့ TNLA လမ်းစဉ်အတိုင်း ပုံစံတူ ကူးချတဲ့ ဖြစ်စဉ်တွေ အကောင်အထည်ဖော်လာတာ ဖြစ်ပါတယ်။ စစ်ပွဲ သဘောသဘာဝအရ အချိန်တစ်ခု လိုတယ်ဆိုပေမယ့် အချိန်ကြာသွားခဲ့ရင်တော့ ခက်သွားနိုင်တာလည်း သတိပြုမိပြန်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ စီးပွားရေးကို အကြောင်းပြတဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ပြန်ဖွင့်ဖို့  အစိုးရအပေါ် ဖိအားပေးနေနိုင်လို့ ဖြစ်ပါတယ်။


(နရီမိုး)

Post a Comment

Previous Post Next Post