မီဇိုရမ်မှာ မြန်မာနိုင်ငံသားတစ်ဦးထံမှ ရူပီး ၉ သန်းကျော်တန် ဘိန်းဖြူများ၊ စနိုက်ပါကျည် ၃၀၀၀ နဲ့ မှန်ဘီလူးများ ဖမ်းဆည်းရမိ

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ခရိုင် အိန္ဒိယ-မြန်မာနယ်စပ် နားက ဇိုခွါသာရ်ကျေးရွာမှာ မြန်မာနိုင်ငံသားတစ်ဦးထံ ရူပီး ၉ သန်းကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူများကို မတ်လ ၅ ရက်နေ့မှာ ဖမ်ဆီးခဲ့တဲ့အပြင် စနိုက်ပါ ကျည်ဆံ ၃၀၀၀ နဲ့ အဝေးကြည့်မှန်ပြောင်း ၁၀ ခုကိုလည်း နယ်စပ်တစ်နေရာမှာ အာသံရိုင်ဖယ်က ဖမ်းဆီးခဲ့ပါ တယ်။
မီဇိုရမ် ဇိုခွါသာရ်ကျေးရွာ ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်ပူးပေါင်းတပ်ဖွဲ့တို့က ကြိုတင်သတင်းရရှိချက်အတိုင်း သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဇိုခွါသာရ်နဲ့ မဲလ်ဘုတ်ကျေးရွာ ကြား Vawmkhaw ချောင်းမှာ ဆပ်ပြာ ဘူးခွံထဲထည့်ထားတဲ့ ဘိန်းဖြူ ၁ ကီလိုကျော်ကို ကလေးမြို့ တာဟန်းရပ်ကွက်နေ လာလ်ပဲခ့်ထန်းငါ အသက် ၃၅ နှစ် ဆီကနေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။၎င်း မူးယစ်ဆေးဝါးများက ရူပီးငွေ ၉၆၃၂၀၀၀ တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။

အလားတူ ချင်းပြည်နယ် - မီဇိုရမ်နယ်စပ်ကျေးရွာဖြစ်တဲ့ ပန်ခွါကျေးရွာနဲ့ စငါအိုကျေးရွာကြားမှာ မြန်မာဘက် ကိုသယ်ဆောင်မယ်လို့ ယုံကြည်ရတဲ့ စနိုက်ပါ ကျည် ၃၀၀၀ နဲ့ မှန်ဘီလူး ၁၀ ခုတို့ကိုလည်း အာသံရိုင်ဖယ်တပ် ဖွဲ့က မတ်လ ၅ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။၎င်း စစ်သုံးပစ္စည်းများကို ဗန်လာလ်ပဲခ့်အာ အသက် ၃၄ နှစ် စငါအိုအမှတ် ၂ ရပ်ကွက်မှာ နေထိုင်သူ ဆီကနေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဇိုခွါသာရ်မှာ မူးယစ်ဆေးမှုနဲ့ ဖမ်းဆီးခံတဲ့ မြန်မာနိုင်ငံသားကို ဇိုခွါသာရ်ရဲတပ်ဖွဲ့က အမှုဖွင့်ထားသလို လက် နက် များတရားမဝင်သယ်ဆောင်လာသူကို အာသံရိုင်ဖယ်က စငါအိုရဲတပ်ဖွဲ့ထံ အပ်နှံခဲ့တယ်လို့သိရပါတယ်။

👇👇👇👇👇👇👇👇👇👇👇👇

Post a Comment

Previous Post Next Post