" မတုံးကြပါနဲ့"***


သင့်ဖုန်းကို ဒါမျိုးတွေ မက်ဆေ့လာပို့ရင် ဖုန်းဆက်လာရင် အဲဒါ လိမ်နေတာပါ။ ငွေညှစ် မလို့ပါ ။
-
ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ အချိန်တန်မှ ခေါ်မှာပါ။ ခုမှ စာရင်းကောက်နေတုန်းပါ။
-
အချိန်ရောက်လို့ဆင့်ခေါ်တဲ့အခါမှာလည်း သက်ဆိုင်ရာမြို့နယ်က ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့က တရားဝင် ဆင့်ခေါ်စာ (ရုံးစာ စာရွက်)နဲ့ ဆင့်ခေါ်မှာပါ။ အဲဒီ ဆင့်ခေါ်စာကိုလည်း ပြီးစလွယ် လူကြုံနဲ့ ပို့မှာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး တို့နှင့်အတူ လူကိုယ်တိုင် လာရောက်ပေးအပ်မှာဖြစ်ပြီး ၎င်းပြည်သူ့စစ်မှုထမ်းဆင့်ခေါ်စာကို လက်ခံရရှိကြောင်းကာယကံရှင်ကဖြစ်စေ အိမ်ထောင်ဦးစီးဖြစ်စေ လက်မှတ်ထိုး ပေးရမှာပါ။
-
တရားဝင်စာရွက်စာတမ်းနဲ့ပဲ ဆင့်ခေါ်မှာပါ။ ဖုန်းနဲ့ ခေါ်မှာ လုံးဝ မဟုတ်ပါဘူး။ ခင်များ ဖုန်းနံပါတ်တွေ လည်း သူတို့ မသိပါဘူး။ သိရင်လည်း ဖုန်းတွေကို မက်ဆေ့ ပို့ပြီး ဆင့်ခေါ်မှာ မဟုတ်ပါဘူး ။ တရားဝင်အောင် ရုံးစာကို လူကိုယ်တိုင် လာပေးမှာပါ။
-
လိုင်းပေါ်မှာ လုပ်စားခြိမ်းခြောက်ပြီးငွေညှစ်သူတွေ ရှိနေပါတယ်။ မပိန်းစေချင်ပါ။

crd.

Post a Comment

Previous Post Next Post