ဂီတဖျော်ဖြေပွဲအတွင်းမှာ သေနတ်သမားတစ်စုဝင်ပစ်လို့ လူ၄၀ကျော်သေဆုံး

🇷🇺မော်စကိုမြို့ပြင်ရှိ ကရိုကပ်စ်မြို့တော်ခန်းမအတွင်း ဂီတဖျော်ဖြေပွဲမှပရိသတ်များကို သေနတ်သမားတစ်စုက ဝင်ပစ်သဖြင့် လူ ၄၀ကျော်သေဆုံးပြီး ၁၄၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်

မော်စကိုမြို့ပြင်ရှိ ခရိုကတ်စ်မြို့တော်ခန်းမမှာ မတ်၂၂ရက်ညက ကျင်းပတဲ့ တေးဂီတပွဲမစခင်ကလေးမှာ ရုပ်ဖျက်ထားတဲ့ သေနတ်သမားတစ်ခုက ပရိဿတ်တွေကို သေနတ်နှင့်ဝင်ပစ်ကြလို့ လူပေါင်း ၄၀ အနည်းဆုံးသေဆုံးပြီး ၁၄၅ ဦးဒဏ်ရာရရှိသွားပါတယ်။ ဒါဟာ ဆယ်စုနှစ်များစွာအတွင်း ရုရှားမှာ အဆိုးရွာဆုံးတိုက်ခိုက်ခံရမှုဖြစ်ပါတယ်။ အဆိုပါ ခရိုကတ်စ်မြို့တော်ခန်းမရဲ့ လူ၆၂၀၀ဆန့်ကဇာတ်ရုံအတွင်း ဆိုဗီယက်ခေတ်က ရော့ခ်အဖွဲ့ Picnic ဖျော်ဖြေမယ့်ဆဲဆဲမှာ သေနတ်နှင့်ဝင်ပစ်သွားကြတာဖြစ်ပါတယ်။
မော်စကိုမှာရှိတဲ့ အမေရိကန်သံရုံးက မော်စကိုမှာ အစွန်းရောက်တွေတိုက်ခိုက်ဖို့အကြံအစည်ရှိနေတယ်လို့ လွန်ခဲ့တဲ့ နှစ်ပတ်က သူ့နိုင်ငံသားတွေကို လူစုလူဝေးရှိရာမသွားကြဖို့ သတိပေးခဲ့ပြီး ယခုတိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။ ဖြစ်ပွားတဲ့ နေရာဟာ ကရင်မလင်နှင့် ၁၂မိုင်ခန့်အကွာမှာသာရှိတာဖြစ်ပါတယ်။ အိုင်အက်စ်အဖွဲ့က သူတို့တိုက်ခိုက်တာပါလို့ ကြေညာ ထားပါတယ်။ အသေးစိတ်ကို အာဏာပိုင်တွေက ဆက်လက်စုံစမ်းဖော်ထုတ်ဆဲဖြစ်ပါတယ်။

Source Reuters/Sputnik

Post a Comment

Previous Post Next Post