မန္တလေးသင်္ကြန် ရေကစားမဏ္ဍပ် ၂၅ ခု ခွင့်ပြု

မန္တလေးမြို့ သင်္ကြန်ပွဲတော်အတွက် လက်ရှိရေကစားမဏ္ဍပ် ၂၅ ခု ခွင့်ပြုနေရာချပေးထားတယ်လို့ မန္တလေးမြို့ တော် စည်ပင်သာယာရေး ကော်မတီကနေ သိရပါတယ်။ ဧပြီလမှာ ကျင်းပမယ့် မြန်မာ့ရိုးရာအတာသင်္ကြန် ရေသဘင်ပွဲတော်ကာလကို မန္တလေးမြို့မှာ စည်းကားသိုက်မြိုက် စွာကျင်းပနိုင်ရေးအတွက် ကျုံးဘေး ၂၆ လမ်းမှာ ရေကစားမဏ္ဍပ်ကြီး (၈)ခု၊ ၆၆ လမ်းမှာ ရေကစားမဏ္ဍပ်ကြီး (၃)ခုနဲ့ ရေကစားမဏ္ဍပ်အသေး (၁၄)ခု ခွင့်ပြုပေး ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Post a Comment

Previous Post Next Post