ပညာရေးကိုသင်းသတ်ခြင်း

ယခုနှစ် တက္ကသိုလ်ဝင်တန်း(KG+12) စာမေးပွဲ ဖြေဆိုသူဦးရေယခင်နှစ်များထက်လျော့နည်းသွားပြီး ကယားပြည်နယ်မှာစာစစ်ဌာနတစ်ခုမှ မထားနိုင်တော့တဲ့အထိ အခြေအနေဆိုးဝါးတဲ့အပေါ် ပြည်ဖျက်မီဒီယာများက ထုံးစံအတိုင်းတပ်မတော်ကအာဏာသိမ်းအုပ်ချုပ်လို့ ဖြစ်ရတာဆိုပြီး မြိုင်မြိုင် ဆိုင်ဆိုင် ထုတ်လွှင့်နေကြပါတယ်။


ထူးဆန်းတာက စာမေးပွဲဖြေဆိုသူ တွေလျော့နည်းသွားလို့ တိုင်းပြည်အနာဂတ်တည်ဆောက်မယ့် ပညာတတ်လူငယ်တွေ နည်းသွားမှာစိုးရိမ်ပူပန်မှု ဆိုတဲ့လေသံလုံးဝမထွက်ကြဘဲ အခုလိုဖြစ်ရတာ စစ်အစိုးရကြောင့် စစ်တပ်ကြောင့် လို့လက်ညှိုးထိုး ပြီး ဝမ်းသာအားရလေသံနဲ့ တပ်မုန်းဝါဒရိုက်သွင်းဖို့ သက်သက် ဖြစ်နေတာပါပဲ။


တကယ်တော့ တစ်နိုင်ငံလုံးနီးပါး ပြည်နယ်တိုင်းဒေသကြီးအများစုမှာ စစ်ပွဲတွေ တိုက်ပွဲတွေအပြင်းအထန် ဖြစ်နေချိန် ၊ခြိမ်းခြောက်မှုမျိုးစုံနှောင့်ယှက်ဖျက်ဆီးမှုတွေနဲ့ အခက် အခဲအကြပ်အတည်းပေါင်းစုံကြားက  ပညာရေး အဆက်မပြတ်ရအောင် အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများ၊ပညာရေးဝန်ထမ်းများနဲ့ကျောင်းသားမိဘများအား ထုတ်ကြိုးစားခဲ့ကြလို့သာ ဒီလိုအခြေ အနေအထိ အောင်မြင်ခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။

CDMလုပ်ကြ၊ကျောင်းမတက်နဲ့ကျောင်းထွက်၊တော်လှန်ရေးအောင်မြင်မှ ကျောင်းတက်ကြ ဆိုပြီး ဒီမိုကရေစီဆိုသူတွေကတိုင်းပြည်အနာဂတ်ကိုဖျက်ဆီးလိုက်တာအခု(၃)နှစ်ကျော် ကြာခဲ့ပြီးနောက်ထပ်ဘယ်လောက်ကြာမယ်မသိတဲ့ နောက်ပါသွားကြတဲ့ ကျောင်းသားမိဘတွေ အခုအချိန်မှာ နောင်တရနေကြရပါပြီ။CDMသာအောင်မြင်ပြီး တစ်နိုင်ငံလုံးကျောင်းတွေမဖွင့်နိုင်ခဲ့ရင် အခုအချိန်မှာ တိုင်းပြည်ရဲ့ပညာရေးဘယ်လောက်ဆိုးဝါးသွားမလဲဆိုတာ မတွေးဝန့်စရာဖြစ်ပါတယ်။

ကယားပြည်နယ်မှာ စာစစ်ဌာနတစ်ခုမှ မဖွင့်နိုင်တာ အရင်ဆုံးနစ်နာရတာ ကယား ပြည်နယ် မှာနေထိုင်ကြတဲ့ ကျောင်းသားတွေ ဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စာမေးပွဲ ဖြေဆိုသူလျော့နည်းကုန်တာ အရင်ဆုံးနစ်နာရတာ ရခိုင်ပြည် နယ်ကကျောင်းသားတွေ ဖြစ်ပါတယ်။ကိုယ့်ပြည်နယ် ကိုယ့်ဒေသ ပညာရေးနိမ့်အောင် ဒီမိုကရေစီအရေးဖက်ဒရယ်အရေး အော်နေတဲ့တော်လှန်ရေး သမားဆိုတဲ့ ဒေသခံတွေကပဲပြန်ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

ဒီမိုကရေစီ၊ဖက်ဒရယ်ဆိုတဲ့အဆင့်မြင့်နိုင်ငံရေးစနစ်ကိုသွားချင်ရင်ပညာတတ် နိုင်ငံသားတွေ အများစုဖြစ်ဖို့လိုပါတယ်။စာမတတ်ပေမတတ်သူအများစုနဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်သွားလို့ အောင်မြင်မှာမဟုတ်ဘဲ စစ်ဘုရင်ဝါဒီ၊မင်းမဲ့စရိုက်တိုင်းပြည်ဆီ သာ ဦးတည်သွားမှာဖြစ်ပါတယ်။

ဒီမိုကရေစီအရေးဖက်ဒရယ်အရေးတော်လှန်ရေးလုပ်တယ် ဆိုတဲ့သူတွေကိုယ်တိုင် ပညာရေးတန်ဖိုးကိုနားမလည်ကြတဲ့အတွက် တိုင်းပြည်ရဲ့ပညာရေး၊အနာဂတ်အရေးကိုသင်းသတ်နေသူတွေ ဖြစ်နေပါတယ်။

#ThaungLwinHein

Post a Comment

Previous Post Next Post