“ပူတင်ရွေးကောက်ပွဲ နိုင်တာ ဘာဆန်းလိုလဲ”



စစ်ဒဏ်ခံခဲ့ရတဲ့ နိုင်ငံဆိုတော့ စစ်အကြောင်းကို တခြားနိုင်ငံတွေထက် ပိုသိတယ်။ နာဇီဂျာမန်တွေ ရဲ့ ကျူးကျော်မှုကို နိုင်ငံ တဝက်ကျော်အထိ ခံခဲ့ရပေမယ့် အဆုံးသတ်မှာ  ဘာလင်အထိ ပြန်တိုက်ထုတ်ခဲ့ရတယ်။
----
စစ်ပွဲအတွင်းမှာ ပေါင်မုန့်တလုံးကို လူ ၅ ယောက်၊ တပ်စုတစ်စုကို အာလူးတစ်လုံးနဲ့ ကျည်ဆံ အနည်းအကျဉ်းပဲ ပေးနိုင်တဲ့ အနေအထားကနေ  ငယ်ရွယ်နုပျိုတဲ့ လူသန်း ပေါင်း(၂၀)လောက်ကို စစ်ပွဲမှာ ပေးဆပ်ခဲ့လိုက်ရတယ်။ ဆိုတော့....စစ်ရဲ့ အဓိဋ္ဌာန်ရုံ တွေကို အရွယ်ရောက်တဲ့ ကလေးသူငယ်ကအစ ခုလက်ရှိ အသက် ၉၀ ကျော်တန်းတွေ အကုန်လုံးက  နားလည်သဘောပေါက်ကြတယ်။ အချုပ်အခြာရဲ့ တန်ဖိုးကိုလည်း သူတိုတိုင်းပြည်က ကောင်းကောင်းသိနားလည်ထားကြတယ်။ ဒါ့ကြောင့်လည်း ရုရှားနိုင်ငံရဲ့ အထင်ကရ မြေအောက်ရထားဘူတာရုံတွေ၊ ပန်းခြံတွေနဲ့ မြိုဥပစာ နေရာတွေမှာ စစ်သား ဘဝနဲ့ သက်ဆိုင်တဲ့ အထိမ်းအမှတ် ရုပ်ထုတွေကို နေရာတိုင်း တွေ့နိုင်တယ်။
-----
စစ်ပွဲကနေ နလန်ထူရတဲ့ နိုင်ငံ၊ လူမျိုးကြီး ဝါဒကို မြတ်နိုးတဲ့ နိုင်ငံ၊ ပြည်တွင်းဖြစ်ကို တန်ဖိုးထားတဲ့ဒီနိုင်ငံမှာ ကွန်ဆာဗေးတစ်လိုခေါ်တဲ့ ‌ ရှေ့ရိုးစွဲတွေ ကြီးစိုးနေတာ သိပ်တော့ မဆန်းလှဘူး။ လက်ရှိ သမ္မတ ပူတင် ဘာလို ရွေးကောက်ပွဲမှာ အနိုင်ရသလဲလို မေးရင် ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို သူ့ထက်ပိုပြီး ကာကွယ်နိုင်မယ့်သူ၊ အထူးသဖြင့် အနောက်နိုင်ငံတွေနဲ့ ယှဉ်ဖိုက်နိုင်တဲ့ ခေါင်းဆောင် နေရာမှာ သူ့ထက်ပိုပြီး စိတ်ဓာတ် ခိုင်မာ ပြတ်သားတဲ့သူ မရှိသေးဘူးဆိုတဲ့ အချက်ကို သူ့နိုင်ငံသားတွေက ယုံကြည်နေသေး လို လိုပဲ ဖြေရမယ်။ စစ်ကို လိုလားတယ်လို မဆိုသာပေမယ့် စစ်နိုင်တဲ့ခေါင်းဆောင် နောက်မှာ ပြည်သူအားလုံး ရှိနေတယ်ဆိုတဲ့ အချက်ကသာ အခရာ ဖြစ်တယ်ဆိုတာ တွေ့ရတယ်။ ပူတင်အနေအထားကို ကြည့်မယ်ဆိုရင် ကမ္ဘာကြီးက ဆန်ရှင် လုပ်ထားနေတဲ့ ကြားက စီးပွားရေးလည်း အောင်မြင်အောင် လုပ်သွားသလို စစ်ကိုလည်း နိုင်အောင် တိုက်နေတဲ့ အနေအထားက ဂုဏ်ယူချင်စရာပါပဲ။
---
တကယ်တော့ ကမ္ဘာကြီးက ငြိမ်းချမ်းရေးသမားတွေကို အလိုရှိခဲ့တာမဟုတ်ဘူး။ ကြိုးဆွဲရာ “က”မယ့် နိုင်ငံငယ်တွေရဲ့ခေါင်းဆောင်တွေကို နိုင်ငံကြီးတွေက အိတ်ကပ်ထဲ ထည့်ထားချင်ရုံထက် မပိုခဲ့ဘူးလိုသာ ပြောရမယ်။ လက်ရှိ အချိန်အထိ အမေရိကန် ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်က ကမ္ဘာ့နိုင်ငံတွေ အပေါ်မှာ ဗိုလ်ကျစိုးမိုးရေး ဝါဒအဆင့်ပဲ ရှိသေးတယ်။ တိုးတက်ဖွံဖြိုးလာမယ်ထင်တဲ့ နိုင်ငံတွေကို အကြောင်း အမျိုးမျိုးပြပြီး သွေးခွဲထားတယ်။ လက်ရှိ တရုတ် ရင်ဆိုင်နေရတဲ့ ထိုင်ဝမ် ပြဿနာက ဒီအကြောင်းတရားပဲ။  နှစ်နိုင်ငံ ပြန်ပေါင်းစည်းသွားတဲ့ ဗီယမ်နမ်(1955-75)ကလွဲရင် ကိုးရီးယား( 1950-53) လည်း နှစ်ခြမ်းကွဲတာပဲ။ ဒီမိုကရေစီအကြောင်းပြ ကျူးကျော်ခဲ့တဲ့ အာဖဂန်လည်း နိုင်ငံပျက်စီးတာပဲ အဖက်တင်ခဲ့သလို ဆာဒန်ဟူစိန်ကို အကြောင်းပြပြီး အီရတ်ကို ကျူးကျော်ခဲ့တာလည်း  ဘာလက်နက်ဆန်းတွေမှ  ကမ္ဘာကြီးကို သက်သေ ထုတ်မပြနိုင်ခဲ့ဘူး။
----
သေချာတာကတော့ အာဏာရှင်လိုပဲ ပြောပြော....တပါတီစနစ်ကို ကျင့်သုံးကြတယ်လိုပဲ ဆိုဆို... ဗိုလ်ကျစိုးမိုးနေတဲ့ နိုင်ငံကြီးတွေရဲ့ ပါဝါတွေကို ထိန်းညှိဖို ပူတင်လိုမျိုး၊ သမ္မတရှီလိုမျိုး၊ ကင်ဂျုံအန်းတိုလို လူမျိုးတွေလည်း ကမ္ဘာကြီးမှာ လိုအပ်တယ်။

(နရီမိုး)

Post a Comment

Previous Post Next Post