တာမခံ တပ်စခန်းကို လာတိုက်တဲ့KIA၊ PDF အကြမ်းဖက်များအကျအဆုံးများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံစခန်းကို ဖေဖော်ဝါရီလ ၂၆ ရက်ကတည်းက KIAနှင့် အကြမ်းဖက် ပူးပေါင်းအဖွဲ့များ နေ့စဉ် လာတိုက်ခိုက်လျက်ရှိရာ မတ်လ ၃ ရက်နေ့မှာ KIAနှင့် အကြမ်းဖက် ပူးပေါင်းအင်အား ၁၅ ဦးခန့်က လက်နက်ကြီး/ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ-
KIAနှင့် အကြမ်းဖက် ၁၀ လောင်း
လက်နက် ၈ လက်
ကျည်အိမ် ၈ ခု
ကျည် ၁၀၀ တောင့်
အိုင်ကွန် ၁ လုံး သိမ်းဆည်းရမိခဲ့ပါတယ်။

တာမခံစခန်းသို့ စစ်ကူပေးရန် ချီတက်လာသည့် တပ်မတော်စစ်ကြောင်းအား ဆည်ဇင်းစခန်း၏ အရှေ့မြောက်ဘက်သို့အရောက် KIAနှင့် PDF အကြမ်းဖက် ၁၅ ဦးက ပစ်ခတ်သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့။

အဆိုပါဖြစ်စဉ်တွင်- လက်လုပ်သေနတ် ၁ လက်၊ ကျည် ၁၈ တောင့်၊ တစ်ယောက်ပစ်ကျင်း ၁၈ ကျင်းတို့အား တွေ့ရှိ သိမ်းဆည်းရမိ။

Post a Comment

Previous Post Next Post