မော်တော်ယာဉ်ဖြင့် လက်လုပ်ဗုံးသယ်လာသည့် PDF အကြမ်းဖက်သမား ၂ ဦးပေါက်ကွဲမှုဖြစ်

အင်းစိန်မြို့နယ်တွင် မော်တော်ယာဉ်ဖြင့် လက်လုပ်ဗုံးသယ်လာသည့် PDF အကြမ်းဖက်သမား ၂ ဦးပေါက်ကွဲမှုဖြစ်ပွါး၍သေဆုံး

NOM မတ်လ ၁၊ ၂၀၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းနှင့် ဗိုလ်ချုပ် ကြေးရုပ်လမ်းဆုံတွင် မတ်လ ၁ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန်ခန့်၌ PDF အကြမ်းဖက်သမားများသည် မော်တော်ယာဉ်ဖြင့် လက်လုပ်ဗုံးသယ်ဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။

PDF အကြမ်းဖက်သမားများမောင်းနှင်လာသည့် မော်တော်ယာဉ်သည် အောက်မင်္ဂလာဒုံလမ်းမှ ဗိုလ် ချုပ်ကြေးရုပ်လမ်းဘက်သို့ ချိုးကွ့ပြီး ဗိုလ်ချုပ်ကြေးရုပ်လမ်းပေါ်အရောက်တွင် ပေါက်ကွဲမှုဖြစ်ပွါးရာမှ မော်တော်ယာဉ်အားဆက်လက်မီးလောင်ကျွမ်းခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ပါ PDF အကြမ်းဖက်သမားအမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့သေဆုံးခဲ့ကြောင်းသိရသည်။
News Of Myanmar NOM

Post a Comment

Previous Post Next Post