မြန်မာ့ရိုးရာအတာသင်္ကြန်ကို ဖျက်ဆီးမယ့် PDFများ

ရန်ကုန်မြို့လယ်၊ မြို့တော်ခန်းမရှေ့၊ ဆောက်လက်စမဟာသင်္ကြန်မဏ္ဍပ်ကို အကြမ်းဖက်သမား PDF တွေက မတ်လ၂၄ ရက်နေ့မှာ မိုင်းထောင်ဖောက်ခွဲမှု ပြုလုပ်ဖို့ကြိုးစားခဲ့ပါတယ်။ ရုပ်သံဖိုင်တွေအရ သက်လတ်ပိုင်းအမျိုးသားနှစ်ယောက်ဟာ မြို့တော်ခန်းမရှေ့က မဏ္ဍပ်ကို အလောသုံးဆယ်လမ်းလျှောက်လာရင်း ကျောမှာလွယ်ပိုးလာတဲ့အိတ်ကို ပြည်သူတွေကျွံဝင်မလာစေဖို့ကာထားတဲ့ လုံခြုံရေးအတားအဆီးထဲ ချပြီး ထွက်ပြေးသွားခဲ့တာပါ။ ရိုးရာအတာသင်္ကြန်မှာ အများပြည်သူပျော်ရွှင်ဖို့အတွက် ပြင်ဆင်နေတာကို အကြမ်းဖက်သမားတွေက အခုလို အောက်တန်းကျစွာပဲ ဖောက်ခွဲဖို့ကြံစည်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ အကြမ်းဖက် PDF တွေ ဖောက်ခွဲဖို့ကြိုးစားတဲ့ကျောပိုးအိတ်ကို လုံခြုံရေးတာဝန်ရှိသူတွေက ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီး အကြမ်းဖက်ဖောက်ခွဲဖို့ကြိုးစားတဲ့ PDF တွေကို ဖမ်းဆီးနိုင်ဖို့လည်း ကြိုးစားနေတယ်လို့ သိရပါတယ်။

Post a Comment

Previous Post Next Post