Procedures နှင့်အညီ


၁။ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်
ရေးမှူးတွေက မိမိ အုပ်ချုပ်တဲ့ကျေးရွာ
အုပ်စု အတွင်းမှာနေထိုင်တဲ့
အသက်( ၁၈) နှစ်ကနေ အသက်( ၃၅)
နှစ်အတွင်းအကြုံးဝင်တဲ့အမျိုးသားများ
ရဲ့ အမည်စာရင်းကို ပြုစုပြီးမြို့နယ်အဖွဲ့
ကို ပေးပို့ရမယ်။
(အဲ့ဒါကို သတ်မှတ်ထားတဲ့ ပုံစံပါအချက်အလက်တွေကိုဖြည့်စွက်ပြီး
ပို့ပေးရမှာ)

၂။ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်
ရေးမှူးတွေက ပေးပို့တဲ့ အမည်စာရင်းရ
ရင် ၊မြို့နယ်အဖွဲ့က အဲ့ဒီ အမည်စာရင်း
ပါသူအားလုံးကို တစ်ဦးချင်းအလိုက်
" စစ်မှုထမ်းရန် အသက်အရွယ်ရောက်သူ
အဖြစ် မှတ်ပုံတင်စာရင်း "
ရေးသွင်းဘို့ သတ်မှတ်ထားတဲ့ ပုံစံနဲ့အညီ
ဆင့်ခေါ်ရမယ်။
( အဲ့ဒီလို ဆင့်ခေါ်လိုက်တဲ့အတွက် ဆင့်
ခေါ်ခံရသူဟာချက်ချင်း လက်ငင်းကြီး
စစ်သင်တန်းတက်ပြီးစစ်မြေပြင်ကိုသွား
ရမှာမဟုတ်သေးဘူး ၊အခုပြည်သူအများ
စုယူဆနေကြတာက ဆင့်ခေါ်စာရတာနဲ့
သင်တန်းတက်ပြီးစစ်မြေပြင်ကိုသွားခိုင်း
မယ်လို့ ယူဆနေကြတယ်)

၃။ ဆင့်ခေါ်စာရသူဟာ ဆင့်ခေါ်စာရတာ
နဲ့ သက်ဆိုင်ရာမြို့နယ်အဖွဲ့ထံသတင်းပို့
ရမယ်။မြို့နယ်အဖွဲ့က ဆင့်ခေါ်ခံရသူကို
ပုံစံ ( ၃) ( က) လို့ခေါ်တဲ့ " စစ်မှုထမ်းရန်
အရွယ်ရောက်သူအဖြစ်မှတ်ပုံတင်စာရင်း
သွင်းမည့်သူက ရေးသွင်းရန်ပုံစံ" မှာ ရေး
ဖြည့်ရမယ်။
(အဲ့ဒီလို ရေးဖြည့်ရတာကိုပဲ တစ်ခါထဲ
စစ်မှုထမ်း အဖြစ်သတ်မှတ်လိုက်ပြီလို့
ယူဆပြီးစိုးရိမ်ကြောက်လန့်နေကြတယ်)

အဲ့ဒီ ပုံစံမှာ အချက် ( ၂၅) ချက်ပါပြီး ၊

အချက်နံပါတ် ၉ က ပြည်သူ့စစ်မှုထမ်း
အဖြစ်ဦးစားပေးတာဝန်ထမ်းဆောင်ရန်
ဆန္ဒပြု/ မပြု ဆိုတာပါတယ်။
ဆန္ဒပြုရင် ပြုပါတယ် ၊
မပြုရင် မပြုပါဘူး လို့ရေးဖြည့်ပေါ့။
မပြုပါဘူးလို့ ရေးဖြည့်တာကို ပြုပါတယ်
လို့အတင်းအားဓမ္မရေးခိုင်းခြင်းမရှိပါဘူး

၄။ အဲ့ဒီ ပုံစံ နံပါတ် ၁၆ မှာ " မိအိုဖအိုများ
ကို ပြုစုစောင့်ရှောက်နေသူများရေးသား
ရန် ဆိုတဲ့ အချက်ပါတယ်။
(အဖေအို ၊ အမေအို နှစ်ဦးကို စစ်မှုထမ်း
ဘို့ အသက်ပြည့်နေသူ တစ်ဦးလုပ်ကျွေး
ပြုစုနေသူတွေ ဖြည့်ရမှာ ။
မိအိုဖအိုရှိတာတော့ ဟုတ်တယ်။
မိအိုဖအို က ၂ ဦး အတူနေသားသမီးက
၂ ဦး ၊ စုစုပေါင်း ၄ ဦး ဖြစ်နေရင်လည်း
အကြုံးမဝင်ဘူး)

၅။ အဲ့ဒီ ပုံစံအချက်( ၁၈)မှာကျန်းမာရေး
အခြေအနေဆိုတာပါတယ်။ ကိုယ်လက်
အင်္ဂါစုံ/ မစုံ၊ ကူးစက်ရောဂါရှိ/ မရှိ၊ ဒါမှ
မဟုတ် ဆိုင်ကယ်မှောက်လို့ နံရိုးကျိုးလို့
စတီးချောင်းထည့်ထားရတယ် ။ အူကျ
လို့ ခွဲထားရတယ်ဆိုပြီး ဆေးမှတ်တမ်းနဲ့
တင်ပြရမယ်။

ပြောချင်တာက..အဲ့ဒီ ပုံစံဖြည့်ပြီးတာနဲ့
ချက်ချင်းသင်တန်းတက်ပြီး စစ်မြေပြင်
သွားရမှာ မဟုတ်ပါဘူး ။

သက်ဆိုင်ရာမြို့နယ်က အဲ့ဒီပုံစံဖြည့်သူ
တွေရဲ့အမည်စာရင်းကိုမှတ်ပုံတင်စာရင်း
ထဲမှာ ရေးသွင်းထားမှာပါ။

ဟုတ်ပြီ ။
ဒါဆိုရင်ကင်းလွတ်ခွင့်ရသူလည်းမဟုတ်
ယာယီရွှေ့ဆိုင်းခွင့်ရသူလည်းမဟုတ်ဘူး
ဆိုရင်ချက်ချင်းသင်တန်းတက်ပြီးစစ်မြေ
ပြင် သွားရမှာလား ။မသွားရသေးပါဘူး။

ဘာကြောင့်လဲ ဆိုတော့ -

နံပါတ် ( ၉) မှာ ဆန္ဒပြု / မပြု ဆိုတာပါ
တယ်လို့ ပြောခဲ့ပြီးပြီး ။

အဲ့ဒီ နံပါတ် ၉ မှာ ကိုယ်ကဆန္ဒ မပြုဘူး
လို့ ရေးထားပေမယ့်

တစ်ချို့ကြတော့ -
အခုငယ်တုန်း / လူပျိုလူလွတ်ဖြစ်တုန်း
စစ်မှုထမ်းလိုက်မယ် ၊အသက် ၃၀ ကျော်
မှ ဇနီးသားသမီး ရပြီးမှ စစ်မှုမထမ်းချင်
ဘူးဆိုတဲ့ သူတွေကစစ်မှုထမ်းပါမယ်လို့
ဆန္ဒပြုကြမှာပဲလေ။

အဲ့ဒီ လို အတွေးနဲ့ ဆန္ဒပြုသူတွေများခဲ့
ရင် (သတ်မှတ်အရေအတွက် ပြည့်ခဲ့ရင်) 
ဆန္ဒမပြုသေးသူတွေကိုချက်ချင််း လက်
ငင်းကြီးစစ်မှုထမ်းဘို့ သင်တန်းတက်ခိုင်း
မှာ မဟုတ်ပါဘူး။

မှတ်ပုံတင်စာရင်းမှာ ရေးသွင်းပြီးမှတ်ပုံ
တင် လက်မှတ်ပဲထုတ်ပေးထားမှာပါ။

ဟုတ်ပြီ ။
ဒါဆိုရင်....... တစ်ချို့ ရပ်ကွက်တွေမှာ
အုပ်ကြီးတွေကဆင့်ခေါ်စာနဲ့ ခေါ်နေတာ 
မဲနှိုက်ခိုင်းနေတာ... ..ဘာဖြစ်လို့လဲ လို့
မေးချင်တယ် ဟုတ်လား?

အဲ့ဒီ အုပ်ကြီးတွေ ၊ အဲ့ဒီ အုပ်ကြီးတွေရဲ့
အထက်ကအဆင့်ဆင့်သော တာဝန်ရှိသူ
တွေဟာ
ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့လုပ်ထုံးလုပ်
နည်းတွေကို နားမလည်လို့ ၊

သဘောမပေါက်လို့ Proceduresနဲ့အညီ
မလုပ်လို့
မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်
လာရတာပါ။

အဲ့ဒီ ပေါ်ပေါက်လာတဲ့ ပြဿနာကို နင်းပြီး
ပြည်ပမီဒီယာတွေကအဖျက်အမှောင့်တွေ
နဲ့ ပြည်သူတွေ ကို ခြောက်လှန့်နေတာ ဖြစ်
ပါကြောင်း။

ဒါကြောင့်

ဆင့်ခေါ်စာရတိုင်းကြောက်လန့်ပြီးပြည်ပ
ထွက်ပြေးတာ ၊တိမ်းရှောင်တာတွေမလုပ်
ကြပါနဲ့လို့ မေတ္တာရပ်ခံပါရစေ ။

#ဆီမီးအိမ်

Post a Comment

Previous Post Next Post