`` မြန်မာ့ငြိမ်းချမ်းရေး Process ဘာကြောင့်အောင်မြင်မှု ရဖို့ နှောင့်နှေးနေရသလဲ၊ ခက်ခဲနေရသလဲ ´´



မြန်မာ့ငြိမ်းချမ်းရေး Process ဘာကြောင့်အောင်မြင်မှု ရဖို့ နှောင့်နှေးနေရသလဲ၊ ခက်ခဲနေရသလဲ လို့ အကြောင်းရှာရရင် ဒီလို KNU လက်အောက်ခံ တပ်မဟာလိုမျိုးအဖွဲ့ကွဲတွေ အများကြီးတွေကြောင့် ငြိမ်းချမ်းရေးက ရှေ့ဆက်မတိုးနိုင်တော့တာလို့ပဲ ဖြေရမယ်။


ငြိမ်းချမ်းရေးဆွေးနွေးကြတဲ့အခါ အစိုးရအဖွဲ့တာဝန်ရှိသူတွေ တက်ကြတယ်။ တပ်မတော်မှာဆိုရင်လည်း အမိန့်အာဏာအပြီးအပြတ်ပေးနိုင်တဲ့သူတွေ ပါကြတယ်။ လက်နက်ကိုင်ဘက်ကြည့်ရင် အနိမ့်ဆုံး ဒုတိယအကြီးဆုံးလောက်ပဲတက်တယ်။ အဆင့်ဆင့်၊ အကြိမ်ကြိမ် ဆွေးနွေးပြီးတဲ့အခါ  ဆွေးနွေးပွဲအကြောင်း ပြန်တင်ပြဖို့လိုတယ်ဆိုပြီး အကြောင်းပြကြတယ်။ ပြီးရင် ဘက်တူလက်နက်ကိုင်အချင်းချင်း ဆွေးနွေးပွဲတွေ ထပ်လုပ်တယ်။

အကုန်လုံးအဆင်ပြေပြီးသွားလို့ NCA လိုမျိုး လက်မှတ်ထိုးခဲ့ရင်တောင် KKPark စီမံကိန်းမှာ ပါဝင်ခဲ့တဲ့ စောကွယ်ထူးဝင်းတို့ကိုယ်တိုင် ဒီငြိမ်းချမ်းရေး Process တစ်ခုလုံးကို မြောင်းထဲပစ်လိုက်တဲ့ သောက်ချိုးတွေ ပြန်ချိုးကြတယ်။ ဥက္ကဋ္ဌ က တဖွဲ့၊  အတွင်းရေးမှူးက တစ်ဖွဲ့ဆိုပြီး မွန် လိုမျိုး ၊ PNLO လိုမျိုး ထပ်ကွဲကြပြန်တယ်။ ခုလည်း KNU တပ်မဟာ ၅ ထုတ်ပြန်ချက်ဆိုပြီး ထွက်လာတယ်။ တပ်မဟာကို ဗဟိုက အာမ မခံနိုင်ရင်၊ ဗဟိုရဲ့ အာဏာစက်က လက်အောက် တပ်မဟာကို မလွှမ်းခြုံနိုင်ရင် KNU ဗဟိုဆိုတာချည်း ဖွဲ့ထားဖို့ လိုသေးလားလို့ပဲ မေးရမယ်။ ဒီနိုင်ငံမှာ ဒီသောက်ချိုးတွေနဲ့ တသက်လုံး ငြိမ်းချမ်းရေး ရစရာ အကြောင်းကိုမရှိဘူးဆိုတာ ဒီလို လုပ်ရပ်တွေက သက်သေပဲ။

နရီမိုး

Post a Comment

Previous Post Next Post