ဘင်္ဂါလီများက AA ကို ပြန်လည်တိုက်ခိုက်နေဟု AA ဝန်ခံ

AA က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာကြောင့် ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြို့တွေမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် ဘူးသီးတောင်၊ စကခ (၁၅) ကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ဖို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲပိုမိုပြင်းထန်နေ
ဒီလိုတိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ AA အနေနဲ့ ဘင်္ဂါလီတွေကို လူကုန်ကူးနေတာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ ပေါ်တာဆွဲပြီး စစ်မှုထမ်းစုဆောင်းတာ၊ ဘင်္ဂါလီရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေရဲ့ AA အလိုမရှိ ဆန္ဒပြမှု ခံနေရတဲ့အပြင် လက်နက်ကိုင်တိုက်ခိုက်မှုတွေလည်း ကြုံနေရ
AA ဟာ ရခိုင်က မြို့၈ မြို့ကို သိမ်းပိုက်ထားတယ်လို့ ကြေညာထားပြီး AA သိမ်းထားချိန် မင်းပြားမြို့မစျေး မီးလောင်ပြာကျခဲ့သလို ရခိုင်ပြည်သူတွေမရှိဘဲ AA လက်နက်ကိုင်တွေပဲရှိနေတဲ့ AA သိမ်းပိုက်ထားတဲ့မြို့တွေမှာ ခိုးဝှက်မှုတွေဖြစ်ပွားနေပြီး နေအိမ်က တံခါးတွေ၊ ပန်းကန်တွေပါမကျန် အခိုးခံနေရတယ်လို့လည်း ရမ်းဗြဲဒေသခံတွေက ဝေဖန်နေကြပါတယ်။

https://www.mtnewstoday.com/?p=63714

Post a Comment

Previous Post Next Post