မြန်မာပြည်ကြီး...ဂွတ်လတ်ပါ

ဒရုန်းတပ်ဖွဲ့ပတ်သက်ပြီး
ကျတော့်မိတ်ဆွေများက
မေးကြတယ်
အာ့..တကယ်လားတဲ့...

တကယ်ပေါ့ဗျာ
တကယ်လားမကယ်လားတော့မသိဘူး
ဒရုန်းတပ်ဖွဲ့အတွက်
နေ့မနား..ညမအိပ်ရဘဲ
ကျတော်တို့တစ်တွေ အလုပ်လုပ်ခဲ့ရတာလဲ
များလာပါပြီး

အခုတော့....
အားလုံးအဆင်ပြေသွားပါပြီး
ရုရှားရဲ့....နည်းပညာတွေနဲ့
ကျတော်တို့...ညီကိုတွေရဲ့
ကြိုးစားအားထုတ်မှုတွေကြောင့်
ဒရုန်းတပ်ဖွဲ့ကို အောင်အောင်မြင်မြင်
ဖွဲ့စည်းနိုင်ခဲ့ပါပြီး

တစ်ချို့က ပြောကြဦးမယ်
နောက်ကြတယ်တို့ဘာတို့ပေါ့
ဟုတ်ပါတယ်...ကျတော်တို့နောက်ကြခဲ့ပါတယ်
ဒါမယ့်လည်း...
ဟိုကောင်တွေလိုတေါ့
အခုသင်..အခုမောင်း..အခုတိုက်တဲ့
ကောက်ရိုးမီးလိုတေါ့မဟုတ်ဘူးဗျ

ကျတော်တို့က...နည်းပညာကို
စနစ်တကျ..ကျွမ်းကျင်ကိုင်တွယ်အသုံးပြုပြီး
ရေရှည်ပလန်အတွက်
အများကြီး...လေ့လာပြင်ဆင်
ကြိုးစားအားထုတ်ခဲ့ရပါတယ်

ဒီကြိုးစားမှုတွေက
မြဝတီမှာ...အောင်မြင်ခဲ့ပြီး
ခဗျားတို့မျှော်လင့်တောင်းတနေတဲ့
သွေးကြေးပြန်ယူဖို့အတွက်
အသင့်ဖစ်လို့နေပါပြီး

ခဗျားတို့မသိနိုင်တာတွေ
အသိပေးလို့မရတာတွေကိုတော့
ကျတော်ချပြပေးသွားမှာမဟုတ်ပါဘူး
စစ်ရေးအရမို့...နားလည်ပေးစေခြင်ပါတယ်
ဟာ..
ဟင်...တေါက်...ကျွတ်
မည်သို့မည်ပုံ....လုပ်လိုက်လေသတည်းနဲ့သာ
ခဗျားတို့....နေကြဦးပေါ့ဗျာ
အဓိက..က
ဟိုကောင်တွေ...စမှုံတုန်းကြဖို့ဘဲမဟုတ်လား

နောက်တစ်ခုက
မြဝတီကိစ္စမှာ
သတင်းသမားတော်တော်များများက
knu..ပဒက်တွေဘဲ
အကျအဆုံးများကြတယ်လို့သာ.သိကြတာ
နိုင်ငံခြားက..ကြေးစားမအေဘေးတွေ
ပိုးဆိုးပက်စက်...စမှုံတုန်းသွားတာကိုတော့
မသိကြဘူး...
ထားပါ....သတင်းသမားတွေဆိုတာလည်း
ရန်ကုန်..နေပြည်တော်..မန္တလေးကနေသာ
အထိုင်ချပြီး...မျက်စိမမြင်..ဘဲ
နားက..ကြားရတဲ့..အချက်အလက်တွေ
စကားတွေကိုသာ...ပြန်လည်တင်ပြပေးရတာ
ဖစ်ကြလို့...တစ်ချို့ချိုသော
စစ်ရေးတွေကို...တပ်မတော်သားတွေလောက်
ဘယ်သိနိုင်ပမလဲ

ခဗျား...
ပြည်ပြေးမီဒီညာတွေပိုဆိုးပေါ့ဗျာ
သူတို့က...ဟုတ်..မဟုတ်
သတင်းရေးရမှ ထမင်းစားကြရတာလေ
ကျတော်တို့...တပ်မတော်သားတွေဆိုတာ
ခဗျားတို့ကို...ထမင်းတစ်လုတ်စားရဖို့အတွက်
ဒီ..သတင်းတွေကို ချပြပေးတာမဟုတ်ဘူး
ခဗျားတို့....မဟုတ်မကတွေနဲ့
ဆိုးရိမ်ထိတ်လန့်နေကြရမယ့် အဖြစ်မျိုးနဲ့
ကြုံတွေ့နေကြပြီး...သောကတွေများနေမှာ
မို့လို့သာ...အဖြစ်မှန်တွေကို တင်ပြပေးနေကြတာ

အာ့...တေါ့
ကျတော်က...စစ်သားပါ
သတင်းသမားမဟုတ်ပါဘူး
ကျတော့်မှာစစ်သားတစ်ယောက်ရဲ့
ပင်မတာဝန်ဝတ္တရားတွေက
အများကြီးရှိနေပါတယ်
ကျတော်တို့လိုဘဲ အခြားသောစစ်သားတွေလဲ
အာ့...လိုပါဘဲ

ကျတော်တို့သာ
ဒီသတင်းနဲ့ပတ်သက်ပြီး
တာဝန်တစ်ခုတည်းသာ
လုပ်ရမယ်ဆိုရင်
ခဗျားတို့ကို အချိန်နဲ့တစ်ပြေးညီ
တင်ပြပေးနိုင်ပါလိမ့်မယ်

အခုက
ခဗျားတို့ကြားသိရတဲ့
တစ်ချို့အရာတွေကို
ကျတော်ပြန်လည်တင်ပြပေးဖို့ရာ
နောက်ကြကောင်းကျနိုင်ပါလိမ့်မယ်
နောက်ကြတယ်ဆိုတာကလဲ
စောစောက ကျတော်အထက်ဖော်ပြခဲ့လို
ကျတော်မှာ..အခြားသောအလုပ်​တွေ
အများအပြားရှိနေပါတယ်
ပြီးတေါ့...ခဗျားတို့က
ဆရာရေ...ကချင်မှာတေါ့...ကြားတယ်
အာ့..ဟုတ်လား..စသည်ဖြင့်မေးလာကြတဲ့အခါ
ကျတော်ကြိုသိနေရင်တော့
ဟုတ်ရင် ဟုတ်တယ်
မဟုတ်ရင် မဟုတ်ဘူး ပြန်လည်ဖြေကြား
ပေးနိုင်ပေမယ့်
ကျတော်မသိသေးတဲ့အခါမှါတော့
နယ်မြေခံတွေစီ လှမ်းဆက်သွယ်ရပါတယ်
အာ့..ကြမှ ဟုတ်မဟုတ်ဆိုတာကို ခဗျားတို့ကို
အသိပေးလို့ရမှါပါ
နောက်ပြီး...တစ်ခုတော့ ကျတေါ်
ပြောဗျစေ...
တကယ့်အမှန်သောကရောက်နေကြတဲ့
ကျတေါ့်မိတ်ဆွေသာ...ပြန်လည်
ကူညီဆက်သွယ်ဖြေကြားပေးမှာဖြစ်ပြီး
သောက်ရေးမပါတဲ့...သတင်းတွေကိုတေါ့
ကျတော်ဖြေကြားရှင်းလင်းပေးမှါမဟုတ်ပါဘူး
ဘာလို့လဲဆိုတေါ့
ကျတော်ကြ သတင်းသမားတစ်ယောက်
မဟုတ်သလို ပြန်ကြားရေးဌာနကလဲမဟုတ်ပါဘူး

အခုတော့......
မီလေးခဏမှိတ်ပေးပါ
ခဏ..နေ
ကျတေါ်ပြန်လာခဲ့မယ်
မြန်မာပြည်ကြီး...ဂွတ်လတ်ပါ

"နေထွဋ်မောင်"

Post a Comment

Previous Post Next Post