ပြည်သူအပေါ်ထားတဲ့စေတနာ အစိုးရနဲ့သောင်းကျန်းသူကွာတယ်

ရခိုင်မှာ မိုခါမုန်တိုင်းဒဏ်ကို ပြင်းပြင်းထန်ထန်ခံခဲ့ရပေမယ့် လက်ရှိအစိုးရခေါင်းဆောင်တွေရဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်ထားတဲ့ စေတနာနဲ့ စီမံခန့်ခွဲမှုကောင်းကျိုးတွေ၊ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ နေ့မနား ညမနား ကြိုးစားဆောင်ရွက်မှုတွေကြောင့် လူအသေအပျောက်နည်းခဲ့ရသလို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်း မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ခဲ့ပြီး အချိန်ခဏအတွင်းမှာတင် မူလအနေအထားသို့ ပြန်လည်ရောက်ရှိခဲ့ကြတာ အားလုံး အသိပါ...

တပ်မတော်က ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးတွေအတွက် အဲဒီလိုတွေ စေတနာထားပြီး ကူညီစောင့်ရှောက်ပေးခဲ့လို့ နာလန်ပြန်ထူစအချိန်မှာပဲ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးအကျိုးအတွက် လက်နက်ကိုင်နေတာပါဆိုတဲ့ AA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်မှာ စစ်မီးတွေမွှေးပြီး မြို့ရွာတွေကို မီးရှို့ဖျက်ဆီးတိုက်ခိုက်နေတာတွေကြောင့် ပျက်စီးမှုတွေဖြစ်ပေါ်နေတဲ့အပြင် ဒေသခံတွေဟာလည်း အိုးပစ်အိမ်ပစ်နဲ့ စစ်ဘေးဒုက္ခသည်ဘဝ ရောက်နေရပြန်တယ်...ပြောရမယ်ဆိုရင် AA ဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးတွေအတွက် ကောင်းကျိုးမပေးဘဲ ဆိုးကျိုးတွေချည်းပေးနေတဲ့ ဖျက်ဆီးရေးအဖွဲ့သက်သက်ပါပဲ...

Post a Comment

Previous Post Next Post