ဒီကနေ့မြဝတီ


မြဝတီတိုက်ပွဲဟာ မြဝတီမြို့လေးတခုတည်းကို သိမ်းလိုက်နိုင်တဲ့ တိုက်ပွဲမဟုတ်ပါဘူး တပ်မတော်ရဲ့ နည်းစနစ် မဟာဗျူဟာ စစ်အင်အား စီးပွားရေး နိုင်ငံရေး သံတမန်ရေး စတဲ့ အင်အားတွေကို ထုတ်ပြနိုင်လိုက်သလို ရန်သူအကြမ်းဖက်အုပ်စုတွေရဲ့ မျက်နှာဖုံးကို ခွာချနိုင်ခဲ့တဲ့ စစ်ပွဲတစ်ပွဲဖြစ်ပါတယ်။
ယနေ့ခေတ်အခြေအနေအရ သကသ များသည် မီဒီညာနှင့် တွဲတိုက်နေတာသိမြင်ကြရမှာပါ။ သင်္ကြန်တစ်တွင်းလုံး မသိချင်ယောင်ဆောင်ထားပြီး သင်္ကြန် အပြီးမှာတော့ တဘက်က ထိုင်းတို့ရဲ့ တုန့်ပြန်မှုကိုစောင့်ကြည့်ပြီး မြန်မာကို အထင်သေး အမြင်သေး ဖြစ်နေတဲ့ ထိုင်းအတွက် မြန်မာနိုင်ငံအပေါ်မြင်နေတဲ့ အမြင်တွေကို ပြောင်းလဲသွားစေခဲ့ပါတယ်။
စောချစ်သူနဲ့ KNU ကို စစ်ရေးနည်းနဲ့ ပဒက်တွေကို ဆက်ပြီးလက်ခံထားဦးမှာလားဆိုတာကို တိတိပပပြတ်ပြတ်သားသား မေးလိုက်သလိုပါပဲ။ အကြမ်းဖက်အုပ်စုများ၏ မဟာဗျူဟာ နည်းဗျူဟာတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာပဲ ရှိတယ်ဆိုတဲ့ မျက်နှာဖုံးကို လက်တွေ့နည်းနဲ့ ခွာချပြခဲ့တာဖြစ်ပါတယ်။ ဘယ်သူတွေဘယ်လိုတိုက်ပွဲဝင်ခဲ့တယ် ဘယ်သူတွေက ပြည်သူတွေဆီကနေ လိမ်ညာအလှူခံနေကြတယ်ဆိုတာ မြဝတီမြို့၊ မြဝတီမြို့ခံများနဲ့  သောင်ရင်းမြစ်ကြီးက သိပါတယ် သူတို့ဖြေပေးကြပါလိမ့်မယ်ဗျာ။ မြန်မာ့တပ်မတော်အင်အားအရမ်းနည်းနေပြီဆိုတဲ့ အယုဒ္ဓယ ကြီး အခုဘယ်လိုအခြေအနေလဲ လေနဲ့ဝမ်းနဲ့ ကွဲပြီလားဗျ။

Post a Comment

Previous Post Next Post