တပ်မတော် ဘာအတွက် စစ်တိုက်နေတာလဲ ???


၂၀၂၁ ဖေ ၁ နောက်ပိုင်း တစ်နိုင်ငံလုံးမှာ စစ်မီးတွေ ဟုန်းဟုန်းတောက်လောင်ခဲ့တယ်။ အာဏာ လက်လွှတ်လိုက်ရတဲ့ နိုင်ငံရေးပါတီတစ်ခုရဲ့ အချို့အချက်တွေကိုဖုံး အချို့အချက်တွေကိုပဲ Highlight လုပ်ခဲ့တဲ့ အရာတွေကို တချို့ မိဘပြည်သူတွေနားယောင်ခဲ့တာတွေကြောင့် ခုလိုမျိုးဖြစ်လာတာလို့ဆိုရမှာပဲ။

-

ဘာကြောင့် အာဏာထိန်းတယ်။ ဘယ်လိုတွေဆက်ဖြစ်ခဲ့တယ်ဆိုတာပြောရင်လဲ ဓာတ်ပြားဟောင်းကို အရည်ကျိုတယ်ဖြစ်မှာစိုးလို့ ပြန်မပြောတော့ပါဗျာ။

-

သို့သော် … ခု တပ်မတော်သားတွေ ဘာကိုကာကွယ်နေတာလဲဆိုတဲ့ အပိုင်းကို ဆက်လက် တင်ပြသွားပါ့မယ်။

-

တပ်မတော်ဆိုတာ Institutions တစ်ခုပါ။ လူကိုအခြေမခံဘဲ မူကိုအခြေခံတာပါ။ တပ်မတော် ရဲ့ မူကတော့ ဒို့တာဝန်အရေးသုံးပါးနဲ့ ၂၀၀၈ ခြေဥ ကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်တာမို့ ဒီအရာတွေကို ထိပါးလာရင်တော့ လူပဲမုန်းမုန်း မလူပဲမုန်းမုန်း တာဝန်အရ ဆောင်ရွက်စရာရှိတာ ဆောင်ရွက်ရမှာပါပဲ။

-

ခုလက်ရှိဖြစ်နေတာဟာ ဒီမိုကရေစီရေးလဲ မဟုတ်သလို ဖယ်ဒရယ်ရေးလဲမဟုတ်ဘူး။ NLD အာဏာ ပြန်လည်ရရှိရေးအတွက်ပဲဆိုတာ သေချာပေါက်ပြောနိုင်တယ်။ မဟုတ်ဘူးဆိုရင် ကြိုက်တဲ့အချက်နဲ့ လာငြင်းနိုင်တယ်။

-

၁။ တပ်ကိုတိုက်ခိုက်ဖို့အတွက် ဘာမှမသက်ဆိုင်တဲ့ အစိုးရဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ အပြင် ဘာမှမသက်ဆိုင်တဲ့ ကျောင်းဆရာနဲ့ ရဟန်းတွေကိုပါ ဒလန်ဆိုပြီး သတ်တယ် … ဒါလား ဒီမိုကရေစီဆိုတာ။ ဒီမိုကရေစီမှာ လွတ်လပ်စွာ သဘာထားကွဲလွဲခွင့်ရှိတယ်။ NUG/PDF ကို ကြိုက်လို့လဲရသလို မကြိုက်ခွင့် မထောက်ခံခွင့်လဲရှိတယ်။ ဆိုတော့ ဒါကို ငါတို့မကြိုက်လို့ သတ်တယ်ဆိုတော့ ဒီမိုကရေစီလား လို့မေးစရာတွေထပ်ဖြစ်လာတယ်

-

၂။ တပ်ကိုတိုက်ခိုက်ဖို့အတွက် EAOs တွေကို အလွန်အမင်းထောက်ပံ့တယ်။ ယုံကြည်ချက်အရ တောခိုလာတဲ့ လူငယ်တွေကို EAOs တွေဆီအပ်တယ်။ ၆၀/၄၀ အချိုးနဲ့ လူကို ပစ္စည်းခွဲသလို ခွဲခြမ်းစိတ်ဖြာတယ်။ နောက် တပ်ကို တိုက်ခိုင်းတယ်။ ဘယ်မှာလဲ ….. လူငယ်တွေ ရှေ့ရေး ဘယ်မှာလဲ …. လူငယ်တွေ အနာဂတ်

-

ဆိုတော့ …. အဲ့လို လုပ်နေတဲ့ အဖွဲ့အစည်းဟာ တိုင်းပြည်အတွက် ဘာစေတနာမှမရှိဘူးဆိုတာ ဗေဒင်မေးစရာတောင်မလိုပါဘူး။

-

ထားပါတော့ …. အဲ့ စေတနာမရှိတဲ့အဖွဲ့အစည်း လက်ထဲ အာဏာရသွားပါပြီဆိုပါတော့။ ဒီအတိုင်းနေမယ်ထင်လား …. No ပါ No။

-

ခုတောင်ဗျာ …. သူတို့မထောက်ခံရင် သတ်နေတာ လက်ထဲသာ အုပ်ချုပ်ရေးအာဏာရသွားလို့ကတော့ အကုန်သတ်ခံရမှာပဲ။

-

တပ်ကိုထောက်ခံလဲသတ်မယ်။ သူတို့ကိုမထောက်ခံလဲ သတ်မယ်။ ကြားနေလဲသတ်မယ်ဆိုတဲ့ ကွန်မြူနစ်တွေဗျ

-

အနှစ်ချုပ်ပြန်ပြောရမယ်ဆိုရင်ဗျာ …. အဲ့လို ကွန်မြူနစ်တွေ တိုင်းပြည် အာဏာလာလုတဲ့အတွက် တပ်မတော်သားတွေက စစ်တိုက်နေတာဖြစ်တယ်။ လူသတ် ဗုံးခွဲ အကြမ်းဖက်ဝါဒ ကိုင်စွဲတဲ့ကောင်တွေ လက်ထဲ အာဏာရသွားမှာမို့ တိုက်နေတာဖြစ်တယ်။ အေးချမ်းစွာနေထိုင်လိုတဲ့ မိဘပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်အတွက် တိုက်နေတာဖြစ်တယ်။

-

ဒါကြောင့် …. ဒီစစ်ပွဲဟာ တရားသောစစ်ဖြစ်တယ်



မင်းထက်ကျော်ဇော

2 Comments

  1. လီးတွေရေးနေတာလားမအေလိုး

    Reply
  2. ဟုတ်ပ့ဗျာ စောက်ရူးအတွေးနဲ့ကောင်

    Reply
Previous PostNext Post

Post a Comment

Previous Post Next Post