အီရန် ၊ အစ္စရေးနဲ့ မြန်မာပြည်


အစ္စရေးက အီရန်ကို တိုက်ပြီ။
အီရန်က ဘာပြန်လုပ်မလဲ?

အမေရိကန်က အစ္စရေးကို မကူတော့ဘူးလား?
မကူလို့ ဘယ်ရမလဲ?
အစ္စရေးကို အမေရိကန်က မကူရင်
အစ္စရေးဟာ အရှေ့အလယ်ပိုင်းဒေသက ပျောက်ကွယ်
သွားမှာပေါ့။

အစ္စရေးပျောက်ကွယ် သွားရင် အရှေ့အလယ်ပိုင်းဒေသက ရေနံကို ရုရှားနဲ့ တရုတ်က ထိန်းချုပ်သွားမှာပေါ့။
အဲ့ဒီလို ထိန်းချုပ်ခွင့်ကို အမေရိကန်က ခွင့်ပြုပေးနိုင်
ပါ့မလား?

ဒါဆိုရင်
အစ္စရေးက အီရန်ကိုတိုက်ရင် အမေရိကန်က အစ္စရေးကို
အကူအညီ မပေးဘူးလို့ ဘာကြောင့်ပြောရတာလဲ?
အမေရိကန် ဘာကြောက်နေတာလဲ?

အမေရိကန်က အီရန်ကို မကြောက်ဘူး။
အမေရိကန် ကြောက်တာက ဂျီဟတ် အလုပ်ခံရမှာကို
ကြောက်တာ။

အီရန်က လူမျိုးရေး / ဘာသာရေးစစ်ပွဲ ပုံသဏ္ဍာန်နဲ့
တိုက်လာမှာကိုကြောက်တာ။

အစ္စရေးက ဂါဇာဒေသကို စစ်ဆင်ရေးလုပ်တော့၊
အစ္စလာမ်ဘာသာဝင် နိုင်ငံတွေဟာ အမေရိကန်အပါ အဝင် အနောက်နိုင်ငံတွေကို ဆန္ဒပြကြတယ် ။

အမေရိကန်၊ပြင်သစ်နဲ့ဗြိတိန်နိုင်ငံတွေမှာ နေထိုင်ကြတဲ့
အစ္စလာမ်ဘာသာဝင်တွေကလည်း ဆန္ဒပြကြတယ်။

အဲ့ဒီ ဆန္ဒပြပွဲတွေကို အမေရိကန် အစိုးရ အပါအဝင်
အနောက်နိုင်ငံတွေရဲ့ အစိုးရတွေက ထိန်းချုပ်ခြင်းမပြု
နိုင်ခဲ့ဘူး။

အခု အစ္စရေးက အီရန်ကိုတိုက်ရင် ဂျီဟတ် စစ်ပွဲကို
အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ရင်ဆိုင်ရတော့မယ်။

ထားတော့ ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော
ထွန်းမြတ်နိုင်က ဘူးသီးတောင် ၊ မောင်းတောမှာ နေတဲ့
ဘင်္ဂါလီတွေကို ရခိုင်တပ်ထဲဝင်ပြီး တပ်မတော်ကို တိုက်
ဘို့ စည်းရုံးတယ်။
ဘင်္ဂါလီတွေက လက်မခံဘူး။
ပိုဆိုးတာက ဘင်္ဂါလီတွေ နေရပ်ပြန်နိုင်ရေးအတွက်
နိုင်ငံခြားမှာ နေပြီး တောင်းဆိုနေတဲ့ ထွန်းခင်နဲ့ ရိုနေ
ဆန်းလွင်တို့က ဘင်္ဂလားက ဒုက္ခသည်စခန်းကို လာပြီး
ဒုက္ခသည်တွေအနေနဲ့ AA နဲ့ ပေါင်းပြီး တပ်မတော်ကို
တိုက်ဘို့ လာရောက်စည်းရုံးနေတယ်လို့ ဗိုလ်ချုပ် ဇော်
မင်းထွန်းက ပြောတယ်။
ဘင်္ဂါလီတွေက လက်မခံလို့ မနေ့တစ်နေ့ကပဲ ဘူးသီး
တောင်က အမှတ် ၅ ရပ်ကွက်ကို AA က မီးရှို့လိုက်တယ်
AA က ​မီးရှိ့ပြီး ရှို့တဲ့ AA က သူတို့ ရှို့တာမဟုတ်ဘူး။
တပ်မတော်က ရှို့တာဆိုပြီး
ဘင်္ဂါလီတွေနဲ့ တပ်မတော်ကို ထိပ်တိုက်တွေ့အောင် ဖန်
တီးနေတယ်။
တစ်နည်းအားဖြင့်
ကျွန်တော်တို့ နိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး အဓိက
ရုဏ်းတွေဖြစ်အောင် AA က ဖန်တီးနေတယ်။

ထားတော့။

အီရန်က အမေရိကန်ကို လူမျိုးရေး၊ ဘာသာရေးစစ်ပွဲ
ဖြစ်အောင် ဂွင်ဆင်နေချိန်မှာ
AA က ကျွန်တော်တို့ နိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး
အဓိရုဏ်းဖြစ်အောင် ဖန်တီးနေတာဟာ တိုက်ဆိုင်မှု
တစ်ခုလို့ ယူဆနိုင်မလား?

ဟုတ်ပြီ ။
ဒါဆိုရင်

မနေ့တစ်နေ့က လုပ်တဲ့ ဘာသာပေါင်းစုံပွဲဟာ ဖြစ်ပေါ်လာ
မယ့် ဘာသာရေးလူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပေါ်
မလာအောင် ကြိုတင် ဟန့်တားတဲ့ ပွဲ သို့မဟုတ် လုပ်
ဆောင်ချက်တစ်ရပ်လို့ သုံးသပ်မယ်ဆိုရင်ကော။

(ဆီမီးအိမ်)
19-4-2024

Post a Comment

Previous Post Next Post