မြန်မာ့လူငယ်များသို့

ဘယ်သူတွေဘယ်လိုပြောပြော၊ 
ဘယ်လိုပဲအပုပ်ချချ 
စစ်မှုထမ်းဖို့ရောက်လာတဲ့ 
ပြည်သူ့သားကောင်းတစ်ဦးရဲ့ 
သမိုင်းဝင်အပြုံးကို ဂုဏ်ပြုသရုပ်ဖော်ရေးဆွဲမှု
++++++++++++++++++++++++++++++++


မြန်မာနိုင်ငံထဲမှာရှိတဲ့ လူငယ်များ အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေထွက်ပေါ်လာတဲ့အခါမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပါတယ်။ အနီယိမ်းတို့ရဲ့ မြှောက်ပေးကြတော့ စစ်မှုမထမ်းဘဲ PDF ထဲဝင်ကြဖို့ ထဲထဲဝင်ဝင် လှုံ့ဆော်ကြပြန်ရော။

(ပုံကတော့ သူတို့ဆီမှာ ပြည့်စုံလားမပြည့်စုံလားဆိုတာဆန်းစစ်နိုင်ဖို့ထည့်ပေးလိုက်ပါတယ်)

မြန်မာ့လူငယ်တွေနဲ့ CDM တွေကို အတိုချုပ်မှာပါရစေ။
၁။ အိမ်မှာလူငယ်ရှိတဲ့ မိဘတွေအနေနဲ့ Panic မဖြစ်ကြပါနဲ့။
၂။ လူငယ်တွေ အလျင်စလို ဘယ်တောထဲ ဘယ်လက်နက်ကိုင်တွေဆီကိုမှ သွားဖို့မလုပ်ကြပါနဲ့။ အထူးသဖြင့် အနူဂျီလက်အောက်က ပဒက်တွေဆီမှာပေါ့ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာသူတို့တောင် လက်နက်ခဲယမ်းပြည့်စုံဖို့မပြောနဲ့ ရိက္ခာအပြည့်မရတဲ့ ပဒက်တပ်တွေမှ တစ်ပုံကြီး။
၃။ တတိယနိုင်ငံရောက်/ထိုင်းရောက် လိုင်းပေါ်က စဆရက ကြီးတွေရဲ့ ဘယ်စကားကိုမှ နားမယောင်ကြပါနဲ့။
၄။ လွတ်မြောက်နယ်မြေဆိုတာ...
လွတ်မြောက်နယ်မြေဆိုတာ အဲ့နယ်မြေကိုအုပ်ချုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက သူတို့နယ်မြေအတွက် အာဏာအပြည့်ယူထားတာပါ ပြည်မကလာတဲ့မည်သူ့ကိုမဆို လက်နက်ကိုင်မဟုတ်ရင် ခေတ္တခဏသာ ခိုလှုံခွင့်ပေးမှာပါပြီးရင် ပြန်နှင်ထုတ်မှာပါ အဲ့ဒီနယ်တွေဟာ အများစုက တောရွာတွေဖြစ်တဲ့အတွက် ရေရှည်ရပ်တည်ရေးအတွက် လုပ်စားကိုင်စား ဖို့လဲအဆင်မပြေပါဘူး။
၅။ လူတိုင်းမှာ အခက်အခဲကိုယ်စီ ဘဝကိုယ်စီနဲ့ ကိုယ်ရွေးချယ်တဲ့လမ်း မမှားစေနဲ့ မြှောက်ပေးတိုင်းလိုက်မလုပ်ကြနဲ့။
၆။ မိသားစုအခက်အခဲကြောင့် ဒီနိုင်ငံထဲမှာပဲနေရမယ့်သူတွေကို မွေးရာပါအပြစ်ကြီးတစ်ခုလိုမျိုး ပြည်ပကနေဟောက်စားလုပ်နေကြတဲ့ သူတွေလည်း မဖြစ်နိုင်တာကို မြှောက်မပေးကြပါနဲ့။
နောက်တစ်ခုက ကိုယ်ဘာသာကိုယ် တော်လှန်ရေးလုပ်ချင်လို့ဆိုပြီးတောထဲသွားမယ့်သူတွေအတွက်ကတော့ အခုအချိန်မှ တောထဲသွားရင်
၁။ ရေပေါ်ဆီတွေ အခုမှ ကြောက်ပြီး ရောက်လာတယ်လို့နှိမ်ကြမယ်။
၂။ တိုက်ရမှာလည်းမဟုတ် သူတို့တောင်မှ လူရှိပြီး လက်နက်မရှိ၊ ရိက္ခာမရှိတိုင်ပတ်နေတာ။
၃။ အဆိုးဆုံးက မယုံသင်္ကာနဲ့ ဒလန်လို့စွပ်စွဲမယ့် အန္တရာယ် အဖမ်းခံရမယ့်အန္တရာယ်တွေရှိတယ် အခန့်မသင့်ရင် ပျောက်သွားနိုင်တယ်။
ဆိုတော့ နိုင်ငံ့သားကောင်းပီသစွာ စစ်မှုထမ်းပြီး တရားဝင် မိသားစုနှင့် ပျော်ရွှင်စွာရပ်တည်နေထိုင်သွားကြပါလို့ အကြံပြုလိုပါတယ်။ "ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်" ဆိုတဲ့ အတိုင်း မြန်မာနိုင်ငံမှလူငယ်များ အတွေးမမှားကြစေဖို့ ဒီဆောင်းပါးလေးကို တင်ပြပါတယ်ခင်ဗျာ။

Post a Comment

Previous Post Next Post