ငါတို့က စခဲ့တာမဟုတ်ဘူး၊ မင်းတို့က စခဲ့တာဘဲ...

စစ်ကူမရောက်ခင် မြဝတီ အပြတ်ဖြတ်မယ်ဆိုပြီး သာလွန်အင်အားနဲ့ ဝိုင်းပြီး Drop Bomb ချပြီး၊ တိုက်ပွဲစခဲ့တာက မင်းတို့ပါ။


လာပစ်မယ်၊ လူနေရပ်ကွက်ထဲ ဝင်ပြေးမယ်ဆိုတဲ့ မင်းတို့ရဲ့ ခေါက်ရိုးကျိုးနေတဲ့ လုပ်ကွက်ကို သိလို့ ၂၇၅က လူနေရပ်ကွက်နဲ့ ဝေးအောင် တံတားကို ကျောကပ်ထားခဲ့တယ်။

စစ်ကူဆိုတာက တင့်တွေ ဒုံးတွေ ယန္တရားတွေနဲ့ လာရတယ်လေ။
လာစရာက တလမ်းထဲဆိုတော့ အပိုင်စောင့်တိုက်တာကို ဖောက်ထွက်ရတာဘဲ။

သင်္ကြန်ပြီးရင် မြဝတီကို လာမယ်ပြောထားတာက ရဲမင်း၊ မဲဆောက်မှာ ရောက်နေတဲ့ သခေါတို့က မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်သွားရတာပေါ့။

ဒရော့ဗုံး ညဘက်စချ၊ မနက်တိုက်ပွဲစထဲက ရပ်ကွက်နေပြည်သူတွေက ရှောင်သွားကြပြီ။ တိုက်ပွဲအတွက် ခံစစ်အတွက် ရဟတ်ယာဥ် တစီးထဲနဲ့ ထိန်းထားခဲ့တယ်၊ ပစ်မှတ်တွေကို မှတ်ပုံတင်ထားခဲ့ပြီးသား။

ဘာလို့လဲ သိလား၊ ၄၄ တပ်မမှူး သေပြီ၊ မြဝတီကို သိမ်းလိုက်ပြီ၊ စောက်တလွဲတွေ ပေါက်ကရတွေ တင််တဲ့ မီဒီယာတွေ ဟိုဖက်ကမ်းမှာ စောင့်နေတာကို သိလို့ဘဲ။

အပိုင်ဆိုပြီး လာလုပ်တာက မင်းတို့ပါ။
ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူးဆိုတဲ့စကားရှိတယ်။
မင်းမေစပထဲက ပစ်ရင်၊ မင်းမေစပထဲကို ပြန်ပစ်ထည့်ဆိုတဲ့စကားရှိတယ်။

မင်းတို့ လူနေအိမ် လူနေရပ်ကွက်ထဲကနေ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စစ်ဘေးရှောင် အရပ်သားကားကို ပရမ်းပတာပစ်ခဲ့တာ cctv ထွက်လာတယ်။

အခုမှ မွစာကျဲမှ Video ရိုက်တင်ပြီး ဒရာမာမချိုးနဲ့။
ငါတို့က စခဲ့တာမဟုတ်ဘူး၊ မင်းတို့က စခဲ့တာဘဲ။


Post a Comment

Previous Post Next Post