ဘင်္ဂလီတွေနဲ့ပတ်သတ်ပြီး တပ်မတော်ကိုသတင်းအမှားနဲ့အကောက်ကြံ

မြန်မာ့တပ်မတော်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီအမျိုးသား ၁,၀၀၀ ဦးကျော်ခန့်ကို ဖမ်းဆီးခေါ်ဆောင်ပြီး အဓမ္မ လူသစ်စုဆောင်းခဲ့တယ်လို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ(HRW) မှ မဟုတ်မမှန်ရေးသားထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ 

ဒီထဲမှာ မြန်မာ့တပ်မတော်က ဘင်္ဂါလီတွေကို အဓမ္မလူသစ်စုဆောင်းပြီး စစ်ပညာသင်တန်း ၂ ပတ်ပေးကာ စစ်မြေပြင်ကို စေလွှတ်ခဲ့တယ်ဆိုပြီး မဟုတ်မမှန်စွပ်စွဲထားပါတယ်။

မြန်မာ့တပ်မတော်ဟာ ဘင်္ဂါလီဒုက္ခသည်တွေကို တစ်ကြိမ်တစ်ခါမျှ လူသစ်စုဆောင်းတာမျိုးမရှိခဲ့တဲ့အပြင် ဘင်္ဂါလီတွေကို စစ်သင်တန်း ၂ ပတ်လောက်ပေးပြီး စစ်မြေပြင်ကို လွှတ်ခဲ့တာမျိုးလည်း မရှိပါဘူး။ HRW ရဲ့ အဆိုအရ ရခိုင်တိုက်ပွဲတွေမှာ တပ်မတော်ကဘက်က ထိခိုက်ကျဆုံးများတဲ့အတွက် ဒီဘင်္ဂါလီတွေကို အသုံးပြုခဲ့တာလို့ ရေးသားထားပါတယ်။ တကယ်တမ်းသာ လူသစ်စုတာတွေ၊ စစ်မြေပြင်မှာ ဝင်တိုက်ခိုင်းတာတွေသာ လုပ်ခဲ့မယ်ဆိုရင် ကမ္ဘာမီဒီယာတွေနဲ့ မြန်မာပြည်က OIC လက်ဝေခံ မီဒီယာတွေဆီမှာ ဖတ်လို့ မကုန်နိုင်အောင် ဖော်ပြလာကြမှာ အမှန်ပါပဲ။ တကယ်တမ်း မရှိခဲ့လို့သာ သတင်းတွေ တက်မလာတာပဲ ဖြစ်ပါတယ်။
ဘင်္ဂါလီကိစ္စနဲ့ ပတ်သက်လာရင် တပ်မတော်ဘက်က အမှားကို စောင့်ပြီး ထိုးနှက်ချင်နေကြတဲ့ အနောက်အသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေးဗန်းပြတွေရဲ့ တမင်အကောက်ကြံစည်ထားတဲ့ သတင်းအမှားသာဖြစ်ပါတယ်။

Post a Comment

Previous Post Next Post