ဂဏန်းတို့တိုင်းပြည်


==============
စစ်တပ်အုပ်ချုပ်တာကို လက်မခံချင်လို့ တော်လှန်တယ်လို့ပြောတယ်။
ရွေးကောက်ပွဲ လုပ်မယ်ဆိုတော့လဲလက်မခံဘူး။
တကယ်တမ်းက စစ်တပ်အုပ်ချုပ်တာကိုလက်မခံချင်တာမဟုတ်ဘူး၊
ငါတို့ပဲ အုပ်ချုပ်ချင်တာဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်နေတယ်။

ပြည်သူတွေအတွက် တော်လှန်ရေးလုပ်တယ်လို့ပြောကြတယ်။
​ပြည်သူတွေ ပျော်နေရင်ကျတော့လည်းမကြိုက်ကြပြန်ဘူး။
ဘယ်လိုနားလည်ရမလဲတော့မသိဘူး။

လက်နက်နဲ့ အနိုင်ကျင့်လို့ လက်နက်ဆွဲကိုင်ပြီးတော်လှန်တယ်လို့ပြောတယ်။
ကိုယ့်ထဲလည်း လက်နက်ရောက်ရော လက်နက်မပါတဲ့လူတွေကိုချည်းလိုက်အနိုင်ကျင့်နေတယ်။

ဓါတ်အားလိုင်းတွေ ဖျက်စီးတဲ့သတင်းကိုတွေ့ရင် သဘောကျကြတယ်။
မီးမလာတော့ကျလည်း မကြိုက်ကြပြန်ဘူး။

မြန်မာနိုင်ငံကြီးကို ဝိုင်းဝန်းပိတ်ဆို့စေချင်ကြတယ်၊ ပိတ်ဆို့လို့ ကြပ်တည်းသွားကြတဲ့အခါ......နစက ကြောင့်တဲ့လား။

တိုင်းပြည်တည်ငြိမ်စပြုလာရင်မကြိုက်ကြပြန်ဘူး၊ ကျီးလန့်စာ စားရတဲ့အခါ
တရားဥပဒေ မစိုးမိုးလို့တဲ့လား။

တကယ့်ဂဏန်းတို့တိုင်းပြည်ပါဗျာ ဘေးတိုက်ပဲသွားကြတာ။

Post a Comment

Previous Post Next Post