နိုင်ငံရေးထူးခြားမှု***


ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ နစက ဥက္ကဋ္ဌဟာ မင်္ဂလာနှစ်သစ် အခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/အကျဉ်းသူ ၃၃၀၀ ကျော်ကို ပြစ်ဒဏ်များ လျှော့ပေါ့ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။
-
တချို့ဆိုရင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းချက်တွေနဲ့ မကိုက်ညီပေမဲ့ မေတ္တာ စေတနာ ကရုဏာ ထားကာ လူသားချင်းစာနာထောက်ထားစွာဖြင့် ပြစ်ဒဏ်တွေ လျှော့ပေါ့ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာတွေရှိပါတယ်။ အဲဒီအထဲမှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွမ် ဆိုသူကိုလည်း မြစ်ကြီးနားအကျဉ်းထောင်ကနေ လွှတ်ပေးပြီး သူ့အတွက် အသက်အန္တရာယ် လုံခြုံမှုရှိပြီး သက်သောင့်သက်သာရှိမယ့် လုံခြုံစိတ်ချရတဲ့နေရာတစ်ခုမှာ သီးသန့်ထားရှိကာ စောင့်ရှောက် ထားတယ်လို့ သိရပါတယ်။ ပြီးတော့ PDF တွေကို ငွေကြေးထောက်ပံ့ခဲ့လို့ ပြစ်ဒဏ်ကျခံနေရတဲ့ ထားဝယ် အကျဉ်းထောင်က မသျှားပြည့်ခင် ဆိုသူကိုလည်း သက်ညှာစွာစဉ်းစားပေးပြီး ပြစ်ဒဏ်ကနေ လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
-
ဒါတွေကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေးအရ ထူးခြားမှုတစ်စုံတစ်ရာ ရှိလာနိုင်တယ်လို့ ယူဆရပါတယ်။

Post a Comment

Previous Post Next Post