ရခိုင်မြေကို ဘယ်သူကယ်မလဲ?


သုံးရက်လောက်ရှိပါပြီ ဒီကုန်ဈေးနှုန်းသတင်းတွေကိုတွေ့ရတာ ရခိုင်ပြည်သူတွေအနေနဲ့ အမြဲတမ်း ခင်ဗျားတို့ ရခိုင်တွေအတွက် ကူညီဖို့ အသင့်ဖြစ်နေတဲ့ တပ်မတော်ကို ခင်ဗျားတို့ ဘယ်လို ဆက်ဆံခဲ့ကြလဲ? မြေပြင်မှာ နေနေကြတဲ့ သူတွေအသိဆုံးဖြစ်မှာပါ။ အခုခင်ဗျားတို့ တွေယုံကြည်ခဲ့ကြတဲ့ အာရခန် ပုံပြင်ကြီး က သက်သေပြလိုက်တာပါပဲ။



သဘာဝဘေးနှစ်စဉ်နှစ်တိုင်းခံနေရတဲ့ ပြည်နယ်တစ်ခု၊ အခြားလူမျိုးခြားတွေ ဝင်လာလေ့ရှိပြီး အနိုင်ကျင့်ခံနေရတဲ့ပြည်နယ်တစ်ခု ဒီပြည်နယ်ကို အမြဲတမ်း သဘာဝဘေး လာလည်း အမြဲတမ်း အသင့်အနေအထား နဲ့ ကူညီခဲ့တဲ့ တပ်မတော် (သူတို့တပ်တွေမှာလည်း သူတို့အိမ် သူတို့မိသားစု ဆိုတာရှိတယ်ဗျ သဘာဝဘေးဖြစ်လာရင် သူတို့တပ်ထဲမှာလည်း အိမ်ခေါင်မိုးလန်တာပဲ ရေကြီးရေမြုပ်တာပဲလေ ဒါပေမယ့် ပြည်သူကိုကာကွယ်ရမယ် ကူညီရမယ်ဆိုတဲ့ စိတ်တွေ အမိန့် တွေနဲ့ သူတို့မိသားစုတွေကိုထားခဲ့ပြီး ခင်ဗျားတို့ကို အရင်ကူညီခဲ့ကြတာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် သို့တည်းမဟုတ် မြန်မာ့တပ်မတော်ပါပဲ) လူမျိုးခြားဘာသာခြားတွေ ဝင်လာအနိုင်ကျင့်ရင်လည်း အမုန်းခံပြီး ရှေ့ကနေမားမား မတ်မတ် ရပ်တည်ပေးခဲ့ကြတာလည်း တပ်မတော်ပဲ။
ဒီကျေးဇူးတွေကိုမှမထောက် ဘယ်နှခုနှစ်ကပေါ်လာမှန်းမသိတဲ့ အာရခန်အိပ်မက် ဂျင်းသမိုင်းကြီးကို အေအေအကြမ်းဖက်ခေါင်းဆောင် လူလည် HMN  ကရည်ရွယ်ချက်ရှိရှိနဲ့ ရွာတစ်ရွာကို အပြောအဟောကောင်းသူ နှစ်ဦးထက်မနည်း စေလွှတ်ဝါဒဖြန့်တယ် HMN ကို စကြာဝတေးမင်းလောင်းလိုလိုနဲ့ နှပ်ကြောင်းပေး တယ် ရိုးသားတဲ့ ရခိုင်တွေယုံကြတာပေါ့ဗျာ။ ပြီးတာနဲ့ ပြည်ပအထောက်အပံ့ယူပြီး ပြည်ပ နိုင်ငံကြီးရဲ့လိုလားချက်ကို အကောင်အထည်ဖော်တယ်။ HMN လုပ်နေတာ ဘာအာရခန်အိပ်မက်မှမဟုတ်ဘူး အိမ်နီးချင်းအင်အားကြီးနိုင်ငံရဲ့ super power ကျောက်ဖြူရေနက်ဆိပ်ကမ်း အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ချက်တစ်ခုတည်းကို အကောင်အထည်ဖော် လုပ်ဆောင်နေတာ။
ဒါကို ဘုမသိဘမသိနဲ့ သူပုန်ထောက်ခံလုပ်နေကြတာတွေ ရပ်တန်းကရပ်တော့ ဒီအခြေအနေအတိုင်း ရပ်လိုက်ရင်တောင်မှ ၂၀၂၄ တိုက်ပွဲစဉ်တွေမဖြစ်ခင် အခြေအနေတစ်ခုအထိ ပြန်ရောက်ဖို့ အနည်းဆုံး ၄ နှစ်ထက်မနည်း ပြန်လည်ထူထောင်ရမှာ။ အခုလိုမြို့တွေပျက်ဖို့စစ်ကိုခေါ်တယ် အဆမတန်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကို အေအေက ရှင်းပေးလား? အခုအဲ့ဒီကုန်တွေကို ရအောင်သယ်ဆောင်ရောင်းချနေတာ လူတန်းစား နှစ်မျိုးပဲ ရှိတယ် ခရိုနီနဲ့ အေအေ။ စဉ်းစားကြပေါ့ ဆုံးဖြတ်ကြပေါ့ မှီတော့မမှီတော့ပေမယ့် အာရခန်အိပ်မက်ကိုမက်မနေကြတော့ဘဲ ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေး ဆိုတာကို တပ်မတော်နှင့် လက်တွဲလုပ်ဆောင်ကြပါ တပ်မတော်ဆိုတဲ့ လူကြမ်းကြီးတွေကတော့ အမှတ်မရှိ ကူညီကြဦးမှာပါဗျာ။

Post a Comment

Previous Post Next Post