အမေရိကန်နဲ့ တရုတ်အလိုကျ မြန်မာတွေ အချင်းချင်း သတ်နေကြ


ကန်ရဲ့ သြဇာခံတွေ ဖြစ်လာဖို့ ချည်းကပ်ရအလွန်လွယ်ကူတဲ့ အခြေအနေ ဖြစ်ပါတယ်။ မဲလိမ်မဲခိုးမှုကြောင့် NLD ပါတီ အာဏာလက်မဲ့ဖြစ်ပြီးချိန်မှာ CRPH, NUG ဆိုတဲ့ အဖွဲ့တွေ ဖွဲ့စည်းဖို့ မင်းကိုနိုင်တို့က လမ်းပြပေးခြင်း ဖြစ်ပါတယ်။ မင်းကိုနိုင်တို့က လမ်းပြပေးတယ်ဆိုရာမှာလည်း မင်းကိုနိုင်၊ ဂျင်မီ၊ မြအေး တို့ ဦးဆောင်တဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာ အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့စ်ရဲ့ သြဇာခံဖြစ်ပြီး အမေရိကန်အစိုးရရဲ့ လိုလားချက်ကို တိုက်ရိုက်လမ်းညွှန်ပေးခဲ့ကြခြင်းဖြစ်ပါတယ်။

အာဏာရူး ငမိုက်သား NLD ဦးဆောင်သူများကလည်း ရာဇပုလ္လင်ပေါ်က ကန်ချခံရပြီးမှတော့ မထူးဇာတ်ခင်းပြီး အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ရာကနေ ယနေ့တိုင်အောင် အနိဋ္ဌာရုံတွေနဲ့ စစ်တလင်းဖြစ်ခဲ့ရပါတယ်။ 

အမေရိကန်ရဲ့ သမိုင်းကို ပြန်ကြည့်ရင် အမေရိကန်ဟာ သူ့နိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံတွေကို စစ်တလင်းအဖြစ် ဖန်တီးခဲ့တာတွေ များပါပြီ။ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို စစ်တလင်းဖြစ်အောင် ဖန်တီးခဲ့တာလည်း အမေရိကန်ပဲ ဖြစ်ပါတယ်။ ရုရှားကို ရန်လိုပြီး ယူကရိန်းကို စစ်တလင်းဖြစ်အောင် လုပ်ခဲ့တာလည်း အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုပဲ မဟုတ်ပါလား။ 

ကမ္ဘာ့သတင်းစာမျက်နှာများမှာ ISIS, တာလီဘန်၊ ဘိုကိုဟာရမ် အစရှိသော အဖွဲ့တွေကို အစ္စလာမ်းမစ်အစွန်းရောက် စစ်သွေးကြွများအဖြစ် ဖော်ပြခဲ့ကြတာ ရှိပါတယ်။ ဒီအကြမ်းဖက်အဖွဲ့တွေရဲ့ ဆောင်ရွက်ချက်နဲ့ အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံတွေရဲ့ ဆောင်ရွက်ချက်တွေကို နှိုင်းယှဉ်ကြည့်လိုက်ရင် အမေရိကန်ဦးဆောင်သော အနောက်အုပ်စုကလည်း ကမ္ဘာကြီးတစ်ခုလုံးကို ခရစ်ယာန်လွှမ်းမိုးဖို့ လုပ်ဆောင်နေတဲ့ ဘာသာရေးအစွန်းရောက်မှုအဖြစ် မြင်ရမှာ ဖြစ်ပါတယ်။ 

အစ္စရေး နဲ့ ပါလက်စတိုင်းဖြစ်တော့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက မဆိုင်းမတွ အစ္စရေးဘက်ကပဲ ရပ်တည်ခဲ့ကြတယ်။ တူရကီဦးဆောင်တဲ့ အစ္စလာမ်းမစ်နိုင်ငံများက ပါလက်စတိုင်းဘက်ကနေ ရပ်တည်ပြောဆိုကြတယ်။ ကျွန်တော်တို့ ပြည်သူများက ဒါတွေကို ဆင်ခြင်တွေးဆပြီး မှန်ကန်စွာ နားလည်သင့်ပါတယ်။ 

KNU, KIA တို့က အမေရိကန်နဲ့ လက်တွဲတယ်ဆိုတာကလည်း ဘာသာရေးအရ ဆက်နွယ်မှုပါပဲ။ နိုင်ငံရေးမှိုင်းမိသွားတဲ့ နီပိန်းတွေမှာက မထူးဇာတ်ခင်းတာ ဖြစ်တဲ့အတွက် ဆင်ခြင်တုံတရား ကင်းမဲ့လွန်းတဲ့ အခြေအနေမျိုး ဖြစ်သွားခဲ့တယ်။ KNU, KIA ရဲ့ ကြိုးကိုင်မှုနဲ့ ပဒက်တွေက သံဃာတော်တွေကို ပစ်မှတ်ထား သတ်ဖြတ်တဲ့ လုပ်ရပ်တွေ အဆိုးဆုံးအခြေအနေအထိ ကျူးလွန်ခဲ့ကြတယ်။

အမျိုး ဘာသာ သာသနာအတွက် အလေးထားဆောင်ရွက်နေတဲ့ အစိုးရအနေနဲ့ ဒီလိုအခြေအနေတွေကို ပြည်သူများ မှန်ကန်စွာ နားလည်အောင် ပညာပေးလုပ်ငန်းတွေ လုပ်တာကလည်း တဖက်၊ အကြမ်းဖက်လှုပ်ရှားမှုဟာ ဘာသာရေးနဲ့ ဆက်နွယ်လာတဲ့အပေါ်မှာ ပြတ်သားစွာ ဆောင်ရွက်သင့်တာကိုလည်း ဆောင်ရွက်ဖို့ မေတ္တာရပ်ခံလိုပါတယ်။

ကျွန်ုပ်တို့၏ မြန်မာပြည်ကို အမေရိကန်ကလည်း သူ့အကျိုးစီးပွားအတွက် သူ့သြဇာခံ အစိုးရထားပြီး ခြယ်လှယ်လိုတယ်။ ထိုနည်းတူစွာ အိမ်နီးချင်တရုတ်ကလည်း သူ့သြဇာခံအဖွဲ့တွေကို ရပ်တည်မှုရစေချင်တယ်။ မြန်မာပြည်တွင်းမှာ နိုင်ငံရေးအတ္တတွေကို ရှေ့တန်းတင်ပြီး ကိုယ့်အချင်းချင်း ရက်စက်စွာ တိုက်ခိုက် သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေဟာ အမေရိကန်အတွက်လည်း ဆုံးရှုံးမရှိသလို တရုတ်ရဲ့ ဆုံးရှုံးမှုဟာလည်း ပါးပါးလေးပါပဲ။ မြန်မာပြည်သူတွေကတော့ ထောင်သောင်းချီပြီး သေခဲ့ရပြီ။

တဖက်မှာ ကိုယ့်တိုင်းရင်းသား ပြည်သူအချင်းချင်း ရက်စက်စွာ သတ်ဖြတ်နေကြတဲ့ ပဒက်တွေကိုလည်း ကိုယ့်ပြည်သူအချင်းချင်း ဘယ်လိုရည်ရွယ်ချက်နဲ့ သတ်ဖြတ်နေကြတာလဲ၊ ဘယ်သူ့အတွက် သတ်ဖြတ်နေကြတာလဲ။ အခုလို သတ်ဖြတ်မှုတွေဟာ ဘယ်သူတွေအတွက် အမြတ်ထွက်စေသလဲ။ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ ပံ့ပိုးမှုကို ယူပြီး ကိုယ့်ပြည်သူအချင်းချင်း စာနာထောက်ထားမှု ကင်းမဲ့လွန်းတဲ့ အကြမ်းဖက်အဖွဲ့တွေကိုလည်း အမေရိကန်အလိုကျ လုပ်ဆောင်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန်းက ရပ်ကြဖို့၊ တရုတ်သြဇာခံ လက်နက်ကိုင်သောင်းကျန်းသူများအနေနဲ့လည်း ငွေကြေးအကျိုးအမြတ်ကိုပဲ မြင်ပြီး ကိုယ့်ပြည်သူအချင်းချင်း စာနာမှုကင်းမဲ့လွန်းတဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်ကြဖို့ မေတ္တာရပ်ခံ ပါရစေဗျာ -


နောင်တော်လေး (ဘိုကလေး)

Post a Comment

Previous Post Next Post