ကံ တွေ အကျိုးပေးတဲ့အခါ------------------



ကံတွေဟာ မျက်နှာမလိုက်တတ်ဘူး

ဘယ်နိုင်ငံ ဘယ်လူမျိုး ဘယ်လောက်ပဲ ချမ်းသာပါတယ်ပြောပြော အကျိုးပေးရင် ရှောင်လွဲလို့မရဘူး


ကပ်သုံးပါးဘေး ဆိုက်ရောက်ချိန်မှာ တသံသရာလုံးက ပြုလုပ်ခဲ့တဲ့ အကုသိုလ်တွေ ဝင်ရောက်အကျိုးပေးလေ့ရှိတယ်။


ငါကတော့ ဒီဘဝမကောင်းတာမလုပ်ဘူး ဆိုပြီး လွတ်လေ့မရှိဘူး သတ္တဝါတိုင်း သံသရာမှာ ပြုလုပ်ခဲ့ဘူးတဲ့ အကုသိုလ်တွေဟာ တဦးချင်းစီတိုင်းမှာ ဒုနဲ့ဒေးပဲ။

ဒါ့ကြောင့် အကုသိုလ် ဆိုးတဲ့ကံတွေ မဝင်အောင် ကောင်းမှူ့ကုသိုလ်များများ လုပ်ပြီး ကာကွယ်ထားကြဖို့ လိုအပ်ပါတယ်။

ရောဂါပိုးမွှားဘေးကြောင့် အများကြီးသေကြသလို လက်နတ်ဘေးကြောင့်လည်း အများကြီး သေနေကြရတယ်၊ အဲဒီလိုပဲ ငတ်မွတ်ခေါင်းပါးဘေးကိုလည်း ဒီကနေ့ အံကြိတ်ပြီးခံနေကြရတာပါပဲ။

အဲဒီဘေးသုံးမျိုးကလွတ်ရင်တောင် မီးဘေး ရေဘေးငလျှင် ဘေး စတဲ့ သဘဝဘေးတွေကိုလည်း အမြဲခံနေကြရတာ အားလုံးမျက်မြင်ကိုယ်တွေ့ပါပဲ။

လူသားတွေအတွက် ရန်သူပေါင်းမြောက်များစွာ အဝိုင်းခံထားရသလိုပါပဲ၊
ဒီအချိန်ဟာ ဘယ်တော့ပေါက်ကွဲမှန်းမသိတဲ့ ဗုံးတလုံးကို ကိုင်ထားရတာနဲ့ တူတယ်၊
အန္တရယ်မျိုးစုံက လက်တကမ်းအကွာမှာ ရှိနေတတ်ကြတယ်။

လူမုန်းရင် ရှောင်လို့ရတယ် ကံမုန်းရင် ရှောင်လို့မရဘူး
ဘေးဒုက္ခရောက်သူတွေကို နိုင်သလောက်ကူညီကြရင်း ကိုယ်တိုင်လည်း ဘေးမဖြစ်အောင် ဂရုစိုက်နေကြပါ မေတ္တာဓါတ်တွေ ဖြန့်ဝေပေးကြပါ ။

အတိတ်က ဖြစ်ခဲ့ဘူးတဲ့ကပ်ဘေးတွေကို လေ့လာကြည့်ရင် အင်မတန်ကြောက်စရာကောင်းလှတာတွေချည်းပါပဲ ကပ်ဘေးကာလမှာ
မဖြစ်သေးတာပဲ ရှိတယ် မဖြစ်နိုင်တာ မရှိဘူး ဘာမဆိုအကုန်ဖြစ်နိုင်တယ် ။

ဒါ့ကြောင့် ကုသိုလ်များများလုပ်ကြပါ အကုသိုလ်တွေ ရှောင်နိုင်သမျှ ရှောင်ကြပါ ခင်ပွန်းကြီးဆယ်ပါးကို မပြစ်မှားကြပါနဲ့ ကိုယ့်ထက်ဒုက္ခရောက်သူတွေကိုနိုင်သလောက်ကူညီကြပါ တဦးနဲ့တဦးမေတ္တာ တွေ ထားကြပါ အမုန်းတရားတွေ ရှောင်ကြပါလို့ နိုးဆော်တိုက်တွန်းလိုက်ရပါတယ်။

ဦးမြင့်ခိုင်

Post a Comment

Previous Post Next Post