KNA ဖွဲ့စည်းတယ်ဆိုတာ အမှန်ပဲ



နယ်ခြားစောင့်တပ်တွေနဲ့ပက်သတ်ပြီး အမျိုးမျိုးတင်နေကြလို့ပါ။ နယ်ခြားစောင့်တပ်တစ်ချို့ KNU ဖွဲ့စည်းတယ်ဆိုတာအမှန်ပဲ။ ဒါပေမဲ့ အကုန်လုံးတော့မဟုတ်ဘူး တချို့တလေပါ။
လက်ရှိအချိန်ထိ နယ်ခြားစောင့်တပ်အဖြစ် တပ်မတော်နဲ့အတူ သူပုန်တွေကို တိုက်ခိုက်ချေမှုန်းနေတုန်းပါ။ ပြောင်းလဲသွားတဲ့ လူတချို့လဲ ရှိပါတယ်။
ဒါကြောင့်လဲ ကျတော်တို့ စာဖတ်ပရိတ်သတ်တွေ မျက်စိလည်သွားကြတာပါ။
စောချစ်သူ တစ်ယောက်ထဲ နယ်ခြားစောင့်တပ်ကို မပိုင်သလို၊ စောတင်ဝင်း၊ စောမုတ်သုံလည်း အလုံစုံကိုမထိန်းချုပ်နိုင်ပါဘူး။ စောစိုးနိုင်လည်း ဒီလိုပါပဲ။ အကုန်လုံးကို နယ်ခြားစောင့်တပ်ဆိုပြီးခေါ်ပေမဲ့ အဖွဲ့က တစ်ဖွဲ့ထဲမဟုတ်ပါဘူး။ အဖွဲ့အများကြီး ပါပါတယ်။
ဒါ့ကြောင့် တစ်ဦးတစ်ယောက်ထဲရဲ့ ဆုံးဖြတ်ချက်နဲ့ ပြောင်းလဲလို့မရပါဘူး။ သေချာတာကတော့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ အခုထိ တပ်မတော်နဲ့အတူ လက်တွဲနေတုန်းပါပဲ။ အသွင်ပြောင်းတချို့တလေက လွဲရင်ပေါ့။

ရဲဘော် သံချောင်း

Post a Comment

Previous Post Next Post