((PDFတွေ လိမ္မာဖို့အချိန်တန်ပါပြီ))




မိပန်တစ်ယောက် အခုလို
ကြေကွဲနေတာ တွေ့ရတယ်။
သူ့အောက်ကော်မန့်
တွေမှာလည်း KNU ကို မယုံရဘူး
ရေးနေကြတာတွေ့ရပြန်တော့ အခုထိ
အဖြစ်မှန်ကို မသိကြသေးတဲ့ သူတို့
ကို သနားဂရုဏာ သက်လာမိတယ်။

KNU မှ မယုံရတာ မဟုတ်ပါဘူး ။
အစိုးရ အောက်  ၊ တည်ဆဲပဥဒေ
အောက်မှာ ရှိမနေတဲ့ ဘယ်EAOs
အဖွဲ့မှ မယုံရပါဘူး ။ KIA / MNDAA/
TNLA/AA တို့လည်း မယုံရပါဘူး ။
ဗမာတွေ မညီညွတ်တာကို အ​ကြောင်း
ပြပြီး ဂျင်းထည့်နေကြတာ  ၊  အမြတ်
ထုတ်နေကြတာ  ၊  ဒါကိုလည်း အကြိမ်
ကြိမ်ရေးပြခဲ့ပြီးပါပြီ။

သူတို့ တိုက်
နေတာဟာ လည်း ဒီကနေ့ NLD
အမာခံတွေ  ၊ ပြည်မက ဗမာတွေ
ပြော​နေသလို အာဏာရှင်တိုက်
ဖျက်ရေးတို့ ဒီမိုကရေစီ ရရှိရေး
တို့ အတွက် တိုက်နေကြတာလည်း
မဟုတ်ပါဘူး   ။


ဘယ်EAOs မှလည်း သူတို့ သီးသန့်
အုပ်ချုပ်ခွင့်ရတဲ့ နယ်မြေမှာ ဒီမိုကရေစီ
စနစ်နဲ့ ပြည်သူ့ရွေးချယ်မှုမဲနဲ့ အုပ်ချုပ်
နေ့ကြတာ မရှိပါဘူး ။

ဝ ခေါင်းဆောင်
က သူ့သား ကို အာဏာလွှဲ ဖို့
လုပ်နေတယ်။KIA /KIO က 
ဥက္ကဌ က အရပ်သား မဟုတ်ဘူး ။
သူ့ကိုယ်သူ ဗိုလ်ချုပ်ကြီး ပါဆိုပြီး
၂၁ ပင်လုံမှာ ရှေ့က ဗိုလ်ချုပ်ကြီး
ဂုဏ်ပုဒ် တက်ခွင့် မရလို့ စောဒက
တတ်ဖူးတယ် ။

ရခိုင် မှာ ထွန်းမြတ်နိုင် က AA
စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဟာ သူပဲ
ဖြစ်သလို ULA  ဥက္ကဌ ဟာ လည်း
သူပါပဲ ။ ရေးရင် မကုန်နိုင်ပါဘူး ။
EAOs အဖွဲ့တိုင်းဟာ စစ်အာဏာရှင်
စနစ်နဲ့ သွားနေကြတယ် ။ ဒီမိုကရေစီ
စနစ်နဲ့ ပြည်သူ့မဲနဲ့ သွားနေတဲ့ EAOs
အဖွဲ့ တစ်ဖွဲ့ မှ မရှိပါဘူး။

ဘယ်EAOs အဖွဲ့မှာမှလည်း
အရပ်ဘက်ယဥ်ကျေးမှု မထွန်းကား
ဘူး ။ လက်နက်ကိုင် ယဥ်ကျေးမှု
အာဏာရှင် ယဥ်ကျေးမှု တွေ
ခေါက်ရိုးကျိုးနေကြတာကိုပဲ
တွေ့ရပါလိမ့်မယ်။

ဒီလို စစ်အာဏာရှင် EAOs အဖွဲ့တွေ
ဆီမှာ ခင်များတို့တွေ ဒီမိုကရေစီ သွားရှာ
လို့ရပါ့မလား ၊
ဒီအဖွဲ့တွေဆီမှာ လူ့အခွင့်အရေးရော
ရှိပါ့မလား ၊
ပြည်သူ့ မဲ ကိုရော အလေးထားပြီး
စဥ်းစားကြပါ့မလား ဆိုတာကိုတော့
စဥ်းစား တတ်စေချင်တယ်။

ဒါကြောင့် EAOs တွေအတွက် အသက်
ပေးစတေးနေကြရတဲ့ ဗမာလူငယ်တွေ
ကို ထပ်ပြောချင်တာက ခင်ဗျားတို့
EAOs တွေ အောက်မှာ လက်နက်ကိုင်
နေကြတာ ဟာ ဒီမိုကရေစီ အတွက်
လက်နက်ကိုင်ခွင့်ရနေတာ မဟုတ်ဘူး ။
လူ့အခွင့်အရေးနဲ့ အာဏာရှင် တိုက်ဖျက်
ရေးအတွက် လက်နက်ကိုင်ခွင့် ရနေကြ
တာမဟုတ်ဘူး ။ EAOs တွေ အာဏာရှင်
ဖြစ်ဖို့ အတွက် စတေးနေကြရတာ  ၊
သေပေးနေကြရတာ ကိုတော့
နားလည် သဘောပေါက်ကြစေချင်တယ်။

ဒါကြောင့် ထပ်ပြောချင်တာ က
PDF တွေနဲ့ အချိန်မီပါသေးတယ်။
ပြန်လာမယ်ဆိုရင်လည်း နိုင်ငံ့ ရင်ခွင်
က နေ နွေးနွေးထွေးထွေးကြိုဆိုကြ
မှာပါ ။ မှားခဲ့တာ အပြစ်လို့ မမှတ်ယူ
ပါဘူး  ။ မှားမှန်းသိသိကြီးနဲ့ ဆက်မှား
နေကြတာ  ၊ ဆက်မိုက်နေကြတာမှ
အပြစ်ဖြစ်တယ် ။ မိုက်လွန်းရာကျ
လို့ PDF တွေ လိမ္မာကြပါတော့ လို့
တိုက်တွန်းချင်ပါတယ် ။

Crd:အောင်နိုင်သူ(ဇွဲကပင်)

Post a Comment

Previous Post Next Post