PDF တွေဖျက်ဆီးခဲ့တဲ့မြို့တွေ ပြန်ထူထောင်ဖို့ အချိန်ကြာဦးမည်

ဂါဇာမှာရှိတဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေနဲ့ ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို ဖယ်ရှားရှင်းလင်းဖို့ ဆယ်စုနှစ် တစ်ခုစာ အချိန်ယူရလိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းကြသတဲ့။ မြန်မာလို အဖက်ဖက်က နိမ့်ပါးတဲ့ နိုင်ငံငယ်အတွက် ပျက်စီးသွားတဲ့ ကောလင်း၊ ဝန်းသို၊ ကော့ကရိတ်၊ လွိုက်ကော်၊ ဆီဆိုင် စသဖြင့် ဒီမြို့ရွာတွေ အရင်လိုစည်စည်ကားကား ဖြစ်ဖို့ ဘယ်လောက်တောင် စောင့်စားရမလဲဆိုတာ မတွေးတတ်တော့ဘူး။ 
-----
တိုင်းပြည်ဟာ အဖက်ဖက်က ပိတ်ဆို့မှုတွေကြုံနေရတယ်။ စစ်ဖြစ်နေတဲ့ဒေသတွေမှာ ကုန်သွယ်စီးဆင်းမှုတွေ တန့်ကုန်တယ်။ လက်နက်ကိုင်တွေက သွားလာခွင့်ပြုရင်တောင် ဂိတ်ပေါင်း ၁၀၀ လောက်ကို ဖြတ်သန်းသွားရမှာမို့ ၁၀၀ တန်တဲ့ပစ္စည်းဟာ ဘယ်လောက်ဈေးမြင့်သွားမလဲ။ ဒါ့ကြောင့် တချို့ဒေသတွေမှာ ကြောက်ခမန်းလိလိဖြစ်နေတဲ့ ဈေးနှုန်းတွေကို မြင်သိကြားသိနေရတာပဲ။ စီးပွားရေးက မလည်ပတ်နိုင်။ ကုန်သွယ်ရေးကလည်း တန့်။ လူတွေက စစ်ကြောင့် ပြေးရ လွှားရချိန်မှာ ပြန်လာ်ထူထောင်ရေးကိစ္စဆိုတာ အလှမ်းဝေးနေပါသေးတယ်။ 
ICC မှာ နေတန်ရာဟုကို စွဲချက်တင်မယ်ဆိုတဲ့ သတင်းတွေဖတ်ရတယ်။ တဖက်ဖက်ကို ဘက်လိုက်တာ မဟုတ်ပေမယ့် ရုရှား-ယူကရိန်းစစ်နဲ့ အစ္စရေး- ဂါဇာ စစ်ဆိုတာ အမေရိကန်အထောက်အပံ့ ရပ်လိုက်တာနဲ့ စစ်ပွဲက အလိုလိုပြီးသွားမဲ့ ကိစ္စတစ်ခုပါပဲ။ ခက်တာက ဒီမိုကရေစီဘန်းပြထားတဲ့ အမေရိကန်အနေနဲ့ ရှေ့မျက်နှာ နောက်ထားပြီး ကူပေးနေရတာပါပဲ။ စာရွက်ပေါ်မှာ ဆန်ရှင် လုပ်ထားပေမယ့် ရုရှားရဲ့ ရေနံစိမ်းတွေကို တဆင့်ခံပြီး ဝယ်ယူနေရတုန်းပါပဲ။ အစ္စရေးနဲ့ ယူကရိန်းကို ပေါ်တင်ထောက်ပံ့နေတဲ့ အမေရိကန်က ရုရှားကို လက်နက်ထောက်ပံ့တာတွေ မလုပ်ဖို့ အရေးဆိုပြန်သတဲ့။ အမေရိကန်ရဲ့လုပ်ရပ်ဟာ ဘယ်နည်းနဲ့မှ ငြိမ်းချမ်းရေးကို ဦးတည်ခဲ့တာ မဟုတ်ခဲ့ပါဘူး။ 
----- 
တကယ်တော့ မြန်မာကို တရုတ်ပြန်ကပ်လာတာ အကြောင်းရှိပါတယ်။ အစိုးရနဲ့ EAO ကို တရုတ်အနေနဲ့ လှေနံ နှစ်ဖက် နင်းလို့မရပါဘူးဆိုတာ လက်ရှိနယ်မြေလုနေပြီး စစ်ရေးတင်းမာနေတဲ့ သတင်းတွေကိုကြည့်ရင် မြင်သာပါတယ်။ အမေရိကန်အခြေစိုက်အဖွဲ့က မြဝတီ ကျားဖြန်ကို အဓိက ဦးဆောင်သူဟာ BGF လို့ ဆိုပြန်တယ်။ ဆိုတော့ အမေရိကန် လိုလားချက်က စစ်ကြီးအမြန်ပြီးပြီး ရွေးကောက်ပွဲ ဖြစ်လာဖို့မဟုတ်ပါဘူး။ စစ်ပွဲအချိန်ကြာလေ တရုတ်- မြန်မာ ကုန်သွယ်ရေးလည်း ပျက်၊ တရုတ်ရဲ့ BRI လမ်းကြောင်းလည်း တန့်၊ ဝန်ကြီး ဦးအောင်နိုင်ဦးတို့ စာချုပ်လက်မှတ်ထိုးထားတဲ့ ကျောက်ဖြူကြီးလည်း ဒီအတိုင်း ဆက်ရှိနေမှာပါ။ ဒါက အမေရိကန် လိုလားတဲ့ အချက်ပါပဲ။ 

အပေါ်က အချက်ကို ပြန်ဆက်ရရင် တရုတ်မွှေလိုက်၊ အမေရိကန် မွှေလိုက်၊ EAo တွေက သူတလူ ငါတမင်းနဲ့ ဗိုလ်ဘွဲ့ခံနေချိန်မှာ စစ်ကြောင့်ပျက်စီးသွားတဲ့ မြို့တွေဟာ တခြားနိုင်ငံတွေထက် အချိန်ပိုကြာဖို့ အခြေအနေသာရှိပါကြောင်း ယူဆမိပါတော့တယ်။ 

(နရီမိုး)

Post a Comment

Previous Post Next Post