ထိုးကျွေးခံဘဝတွေလို့ လက်ခံလာပြီဖြစ်တဲ့PDFများ

ဟိုးးးကာလတုန်းကအချိန်ကိုပြန်သတိရမိတယ်။အင်ဂျင်နီ
ယာ၊ဆရာဝန်၊သူနာပြု၊ကျောင်းသားကျောင်းဆရာ/မဘာမှမခွဲခြားသံပြိုင်ကုန်းအော်ခဲ့ကြ၊ဆန္ဒဖော်ထုတ်ခဲ့ကြ။သူလည်းဘာကောင်မှမဟုတ်၊ကိုယ်လည်းဘာကောင်မှမဟုတ်ကြဘူး။အတားအဆီးအခက်အခဲအတူတူရင်ဆိုင်ကြ၊ကူညီကြ၊ဖေးမကြ၊ပျော်စရာကောင်းသလိုစည်းလုံးညီညွတ်ကြတဲ့အချိန်ကာလ။လက်နက်မပါတဲ့ကာလတွေပေါ့...

အခုတော့(၃)နှစ်လက်နက်ကိုင်၊တစ်ချို့ကဘာလို့အကြီးအကျယ်ပြောင်းလဲကုန်ကြသလဲတဲ့။တစ်ချို့ကဘာကြောင့်စည်းလုံးမှုတွေအရင်လိုမတွေ့ရတော့သလဲတဲ့။
တစ်ချို့ကလမ်းကြောင်းတွေပြောင်းကုန်ကြသလဲတဲ့။
တစ်ချို့ကဘာလို့ပိုချမ်းသာကြီးပွါးလာကြတာလဲတဲ့😂

ကျွန်တော်တို့ဖြေစရာမလိုပါဘူးဗျာ။ပညာရှိတွေးကြည့်ရင်သိတယ်၊ပြေးကြည့်မနေနဲ့။

Post a Comment

Previous Post Next Post