ရခိုင်မှာ မွတ်ဆလင်တွေကို အကြမ်းဖက်နေတဲ့AA

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း သူဦးလာကျေးရွာမှ ငါးဖမ်းစားသော အပြစ်မဲ့မွတ်ဆလင် ၄ ဦးကို AA အကြမ်းဖက်အဖွဲ့က မေလ ၂၂ ရက်နေ့တွင် မတရားဖမ်းဆီးသွားကြောင်း၊ ယနေ့အထိ လွှတ်မပေးသေးကြောင်း၊ ရွာသားများကိုလည်း အမျိုးမျိုးခြိမ်းခြောက်နေကြောင်း သိရှိရသည်။ 
မတရားဖမ်းဆီးခံရသော သူဦးလာကျေးရွာသားများမှာ ဆောယတ်အစ္စလာမ် (၃၀ နှစ်)၊ ဆော်လာမတ်အုလ္လာ (၂၁ နှစ်)၊ ကော်ရိမ်အုလ္လာ (၃၀ နှစ်)နှင့် မူဟာမတ်နူရ် (၂၅ နှစ်)တို့ ဖြစ်ကြသည်။ သူတို့သည် ငါးဖမ်းလုပ်ငန်းနှင့် ကျဘမ်းလုပ်ကိုင်စားသောက်သော ဆင်းရဲသားပြည်သူများဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောဆိုသည်။ 

"မေလ ၂၂ ရက်နေ့မှာ ရွာသား ၄ ယောက်ကို AA က ဆိုင်ကနေ အကြောင်းမဲ့ ဖမ်းဆီးသွားတာပါ။ သူတို့က သာမန်အရပ်သားတွေပဲ ဖြစ်တယ်။ ငါးဖမ်းလုပ်စားတဲ့ ဆင်းရဲသားတွေပါပဲ။ ယနေ့အထိ ပြန်လွှတ်မပေးဘူးဗျာ။ ဒီသတင်းကို အင်တာနက်ပေါ်တင်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့လဲ ပြောသွားတယ်" ဟု ပြောသည်။ 

မေလ ၂၀ ရက်နေ့ ညနေပိုင်းလောက်တွင် AA တပ်ဖွဲ့ဝင်အချို့သည် သူဦးလာကျေးရွာကို ရောက်လာခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သွားတွေ့ဆုံခဲ့ကာအုပ်ချုပ်‌ရေးမှုးက ဆိုက်ကယ်ကအစ အစားအသောက်စသော သူတို့ အလိုရှိရာများကို ရွာသားများထံမှ စီစဉ်ပေးခဲ့သော်လည်း မေ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဗောဓိပင်ရွာဘက်သို့ သွားရောက်ကာ ရွာဈေးဆိုင်မှာ ထိုင်နေသော မွတ်ဆလင် ၄‌‌ ယောက်ကိုတွေ့၍ AA အဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း၊ AA စခန်းချထားသော ရွက်ညိုတောင်ဘက်ကို ခေါ်ဆောင်သွားသည်ဟု ဒေသခံများထံမှ သိရသည်။  

ထို့နောက် ဗောဒီပင်ရွာတွင်လာ်း တစ်အိမ်တစ်ယောက်စီ လူခေါ်ထုတ်ပြီး တစ်နေရာမှာ မြေပြင်ပေါ် စုထိုင်ခိုင်းသည်။ ပြီးတော့ "မင်းတို့အားလုံး အာဆာပဲ။ အာဆာကို ထောက်ပံ့နေတာပဲ" ဟု အမျိုးမျိုး ခြိမ်းခြောက်စွပ်စွဲ၍ ညနေ ၈ နာရီအထိ ရွာသားများကို ဖမ်းဆီးထားခဲ့ကြောင်း နံနက်ပိုင်း ခေါ်ထားသော ရွာသားအားလုံးကို ညနေ ၈ နာရီကျော်ခန့်တွင် ပြန်လွှတ်ပေးခဲ့​သောကြောင့် တစ်နေ့လုံး အစာအငတ်ခံနေခဲ့ရကြောင်း သိရှိရသည်။

AA အကြမ်းဖက်အဖွဲ့များ၏ ဓားပြဂိုဏ်းသဖွယ် မတရားဖမ်းဆီးနှိပ်စက်မှုများကို ရွာသားများက အလွန်ကြောက်ရွံ့ထိတ်လန့်နေပြီး ဤကဲ့သို့ AA အောက်ခြေတပ်ဖွဲ့ဝင်များက အရပ်သားများကို မတရားဖမ်းဆီးနှိပ်စက်မှုများမှာ နေရာအနှံ့ ခပ်စိပ်စိပ် ဖြစ်ပွားနေကာ စစ်ပွဲနှင့်မသက်ဆိုင်သော အရပ်သားမွတ်ဆလင်များကို မတရားဖမ်းဆီးနှိပ်စက်ခြင်းများအပေါ် ထိထိရောက်ရောက်စုံစမ်းစစ်ဆေး၍ AA အဖွဲ့အား အရေးယူမှုများ ပြုလုပ်စေချင်ကြကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

Post a Comment

Previous Post Next Post