လူထုကို အကြောက်တရားနဲ့အုပ်ချုပ်တဲ့AA

ဒီပုံထဲက AA ခေါင်းရှောင်ပြောတဲ့စကားအရ ပြည်သူလူထုက အိုးအိမ်တွေအဆုံးရှုံးခံပြီးတော့ လွတ်လပ်ရေးအတွက် ဆက်တိုက်ပါလို့ ငါ့စကားနွားရ ပုံစံမျိုးပြောတယ်.
တကယ်တမ်း လက်တွေ့မှာ AA ရဲ့အမျိုးအဆွေနဲ့အမာခံတွေလောက်ပဲ ထောက်ခံရင် ထောာက်ခံမယ်. ဘယ်ဒေသခံပြည်သူကများ သူတို့နှစ်နှစ်လလကြိုးစားတည်ဆောက်ထားတဲ့ အိမ်၊ ပစ္စည်းတွေ ဆုံးရှုံးချင်မှာလဲ.

 အခုတောင် ရခိုင်ပြည်နယ်ဟာ မြို့တွေပျက်၊ရွာတွေပျက်၊ ကုန်စျေးနှုန်းတွေကြီး၊ ပစ္စည်းတွေကရှားပါး၊ ကျန်းမာရေးစောင့်ရှောက်မှုက တစ်ခုမှမရ၊ ဆက်သွယ်ရေးစနစ်တွေပျက်၊ AA ရှိတဲ့နေရာမှာ နေတဲ့သူတွေဆို ဘယ်အချိန် ဗုံးလာကျဲမလဲ စိုးရိမ်နေရတဲ့ဘဝကို ဘယ်ဒေသခံပြည်သူက လိုလားမှာလဲ. 

AA ကို မထောက်ခံရင် အမျိုးသားသစ္စာဖောက်လို့ ခေါင်းစဥ်တပ်ပြီး အကြောက်တရားနဲ့ စည်းရုံးထားလို့သာ ဘာမှမပြောရဲကြတာ. 
မီဒီယာထက်မှာ လူကြားကောင်းအောင်ပြောတဲ့စကားကတော့ ပြောလို့လွယ်တာပေါ့. ပြည်သူအားလုံးက AA ကို ​အပြည့်အဝထောက်ခံပါတယ်ဆိုရင် အခု AA ရှိတဲ့နေရာကို ဗုံးအတိအကျကြဲချနိုင်တာ ဘာကြောင့်လို့ထင်လဲ ?
#MinChitOo

Post a Comment

Previous Post Next Post