ဗြိတိန်က ယူကရိန်းကို AS90 ဟောင်ဝစ်ဇာများထောက်ပံ့

ယူကရိန်းနိုင်ငံကို ဗြိတိန်နိုင်ငံဘက်က ထောက်ပံ့မှုအသစ်အနေနဲ့ကြေငြာတဲ့အထဲမှာ နောက်ထပ် AS-90 ဟောင်ဝင်ဇာအမြှောက် ၁၈ လက်ထပ်မံပါဝင်လာပါတယ်။ 
ပထမတစ်သုတ်မှာ ဗြိတိန်တို့ဟာ AS-90 အစီး ၃၀ နဲ့ Spare အတွက်သိုလှောင်ထားတဲ့ AS-90 ၁၂ စီးကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ 
Training အတွက်သုံးတဲ့ တိုက်ယာဉ်တွေကို ပေါင်းလိုက်ရင် ဗြိတိန်ဆီမှာ ယာဉ်တင်ဟောင်ဝင်ဇာအမြှောက်ဆိုလို့ AS-90 အလက်ရေ ၈၀ကျော် ခန့်သာရှိပါတယ်။ 
ယခုတော့ ပထမတစ်သုတ် ၃၀ + ၁၂ လက် 
ယခု ၁၈ လက် ဖြစ်တာကြောင့် အလက်ရေ ၆၀ ကို ယူကရိန်းဆီပေးလိုက်ပါပြီ။ ဒါကြောင့် ခန့်မှန်းခြေအနေနဲ့ AS-90 ယာဉ်တင်အမြှောက် ၃၀ ခန့်သာ ဗြိတိန်ဆီမှာ ကျန်ရှိတော့မှာပါ။ စစ်အင်အားကြီးနိုင်ငံကြီးအနေနဲ့ တစ်နိုင်ငံလုံးပေါင်းမှ နည်းဗျူဟာအဆင့် စစ်ကစားနိုင်တဲ့ ယာဉ်တင်ဟောင်ဝင်ဇာ ၃၀ မပြည့်တပြည့်ပဲရှိတယ်ဆိုတာ ဟုတ်တော့မဟုတ်သေးပါဘူး။ 

စကားမစပ်ပြောရရင် ခု စစ်ဖြစ်သွားလို့သာ ယူကရိန်းတပ်တွေ ပျက်စီးကုန်လို့သာပါ ။ ယူကရိန်းဟာ AS-90 လိုပဲ တန်းယှဉ်နိုင်တဲ့ Msta-S ဟောင်ဝင်ဇာ အလက် ၄၀ နဲ့ 2S3 ဟောင်ဝင်ဇာတွေ ရာကျော် ရှိခဲ့ဖူးပြီး ဗြိတိန်နိုင်ငံထက် Land Forces အပိုင်းမှာ အဆမတန်သာလွန်တဲ့ စစ်တပ်ကိုပိုင်ဆိုင်ဖူးပါတယ်။
3.May.2024;Fri

Post a Comment

Previous Post Next Post